တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၄ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် အစောပိုင်းတွင် လောင်းလုံးမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို မြို့အနီးအနားရှိ သဗျာရွာကို ဝင်ရောက် စီးနင်းပြီး လူငယ် ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း ဝင်ရောက် စစ်ဆေးပြီး ဖုန်းမျာကို သိမ်းဆည်းသွားကြောင်း၊ လူငယ် ၄ ဦး ကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီးနောက် လောင်းလုံးမြို့ပေါ်ကို ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“လောင်းလုံးမြို့ အဝင်အထွက်မှာ ပုံမှန် ကင်းပတ်နေတဲ့ စစ်ခွေးတွေက ဒီနေ့ နံနက်အစောပိုင်းမှာ သဗျောရွာကို ဝင်ရောက်စီးနင်းတာ ပြည်သူ ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ အခုထိတော့ အဆက်အသွယ်မရသေးဘူး။ သူတို့ လောင်းလုံးမြို့ပေါ်ကို ခေါ်ဆောင်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က ယာဉ်နောက်လိုက် ၁ ဦး အပါအဝင် ပြည်သူ ၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ပြည်သူ့ ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
စက်တင်ဘာလ ၁၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် စလင်းမြို့နယ် တပ်နယ်အနီးရှိ တောင်ရုံးပင်ကန်ရွာ မြောင်းဘောင်လမ်းတွင် ကင်း ပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများက ပြည်သူ ၃ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ အလားတူ ယင်းနေ့ နံနက် ၈ နာရီခန့်တွင် ရန်ကုန်-မကွေး-မင်းဘူး စလင်း-ဆင်ဖြူကျွန်း တို့ကို ပြေးဆွဲနေသော ရွှေပြည်ဟိန်းယာဉ်လိုင်းမှ ယာဉ်နောက်လိုက် ကိုစုဝေကိုလည်း အကြမ်းဖက် စစ်သားများက လက်မဲကန်ထိပ် စစ်ဆေးရေးဂိတ်တွင် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။
“ရုံးပင်ကန်ကျေးရွာရဲ့ မြောင်ဘောင်လမ်းမှာ အဆွဲခံရတာပါ။ အဲဒီလမ်းပိုင်းမှာ ပျူခွေးတွေ စစ်ခွေးတွေ ကင်းပုန်းချထားတယ်။ အမျိုးသား ၃ ဦးပါ ပေါ်တာအဆွဲခံရတာ ၃ ဦး စလုံးက ကံပြားကျေးရွာကပါ။ ၁၀ ရက်နေ့ ညက အဆွဲခံရတာပါ။ စစ်ခွေး ကင်းပုန်းဝပ်ပြီး ပေါ်တာဆွဲတာပါ။ နောက်ပြီး ယာဉ်နောက်လိုက်ဖြစ်တဲ့ ကိုစုဝေကိုလည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးပြီး ညနေကျတော့ ပိုက်ဆံနဲ့ လိုက်ရွေးလို့ ပြန်လွှတ်လိုက်တယ်” ဟု ပြည်သူ့ ညီနောင် -စလင်း သတင်းတာဝန်ခံ ကိုပြည်သူက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်က စလင်းမြို့နယ် အတွင်းရှိ လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး ငွေညှစ်မှုများ လုပ်ဆောင်ကာ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်း သတင်းတန်းကျောင်း ပို့ဆောင်နေကြောင်း၊ အလားတူ စက်တင်ဘာလ ၆ ရက်နေ့ကလည်း ရန်ကုန်- စလင်း – ဆင်ဖြူကျွန်းကို ပြေးဆွဲနေသော ခရီးသည် ပို့ဆောင်ရေး ယာဥ်လိုင်းဖြစ်သည့် မိုးသောက် ရောင်နီကားပေါ် လိုက်ပါလာသော ရန်ကုန်မြို့မှ ပြန်လာသည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်မှုထမ်းအပတ်စဉ် ၁၇ အတွက် အတင်းအကျပ် စုဆောင်းခံထားရသော လူငယ်များ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
