မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် -သာဂရလမ်းပိုင်း၌ မြို့နယ်မှူးလိုက်ပါလာသော ရဲကားကို တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး မြို့နယ်မှူးအပါအဝင် ကျန်ရဲများအားလုံး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့ကြေင်း သရက်ခရိုင်အမှတ် ၅ တပ်ရင်းက ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၃ ရက် နံနက် ၇ နာရီ ၅၄ မိနစ်က ဆင်ပေါင်ဝဲမြို့နယ် ၊ ကိုးပင်-သာဂရ လမ်းပိုင်း တွင် ဆင် ပေါင်ဝဲမြို့နယ်မူး အပါဝင် စစ်သား၊ ရဲများ လိုက်ပါလာသော ကားတစ်စီးကို ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦး နေရာမှာ ပင်ပွဲချင်းပြီး သေဆုံးပြီး ဆင်ပေါင်ဝဲ မြို့နယ်မှူးအပါအဝင် ကျန်စစ်သား၊ ရဲများမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အပြင်းအထန် ဒဏ်ရာရရှိသည့် မြို့နယ်မှူးနှင့် စစ်သား၊ ရဲများကို မကွေးမြို့ပြည်သူ့ဆေး ရုံကြီး သို့ ပို့ဆောင်ကာ အရေးပေါ်ခွဲစိတ်ကုသလျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသပြည်သူ့ကာကွယ်ရေး တပ်မတော် သရက်ခရိုင် အမှတ် ၅ တပ်ရင်း မှ PDF SOLDIERS ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ မြောက်ဘက်သို့ စစ်ကြောင်းထွက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၁၇ရက်နေ့ နံနက် ၈နာရီ ၂၀မိနစ်ခန့်အချိန် ရေဦးမြို့ မြောက်ဘက်သို့ စစ် ကြောင်းထွက်လာသော အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး အင်အား ၅၀ခန့်ကို ရေဦးမြောက်ဘက်အထွက် မြို့အဝင်ဆိုင်းဘုတ် အနီးသို့အရောက်တွင် ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မိုင်းဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“စစ်ခွေး ၂ကောင်ထိတယ် လို့သတင်းရပါတယ်။ ထိထားတယ်လို့ပဲ သတင်းရပါတယ်။ စစ်ခွေး သေမသေမသိရသေးပါဘူး။ စစ်ခွေးဘက်တော့ ထိခိုက်သေဆုံးမှုတော့ ရှိနိုင်ပါတယ်။ “ဟု ပြည်သူ့ကာကွ ယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံကပြောဆိုသည်။
ဓာတ်ပုံ – တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သော ရဲတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

Very well presented. Every quote was awesome and thanks for sharing the content. Keep sharing and keep motivating others.