ဒီကနေ့ စက်တင်ဘာ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အမိန့်နဲ့ ကြံ့ဖွတ်ပါတီကို ဗိုလ်ချုပ်ကြီးအဆင့်ကနေ အောက်ခြေအဆင့်အထိ စစ်အရာရှိတွေ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီး စာရေးတွေပါမကျန် စုစုပေါင်းအင်အား ၄၈၉ ယောက် ပြောင်းရွှေ့ လာတယ်လို့ ကြံခိုင်ရေးပါတီ သတင်းရင်း မြစ် နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် အရှေ့တော ဒေသ ရက်ကန်းစင်တောင်မှာရှိတဲ့ အကြမ်းဖက် စစ်တပ် ယာယီတပ်စွဲထားတဲ့ နေရာကို တော်လှန်ရေးတပ်ဖွဲ့ တွေက တိုက်ခိုက် သိမ်းပိုက်လိုက်ပြီး တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီးနောက် အထိနာသွား တဲ့ အကြမ်းဖက်စစ်တပ်ဟာ လေယာဉ်နဲ့ ဘုန်းကြီး ကျောင်း တွေ လူနေအိမ်တွေကို ဗုံးကျဲတိုက်ခိုက်နေ တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး စောအယ်နားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
- မကွေးတိုင်းဘက်မှာတော့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ ဇွန်လနှင့် ဩဂုတ်လ အတွင်း တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၁၄ ယောက် သေဆုံးခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




