ရန်ကုန်၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်၏ ရွေးကောက်ပွဲကို စစ်ရေးနှင့် နိုင်ငံရေးနည်းလမ်းများဖြင့် တိုက်ဖျက်ရန် မွန်ပြည်ဖက် ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့ သဘောတူညီမှုရရှိခဲ့ကြောင်း မွန်ပြည်ဖက် ဒရယ်ကောင်စီ – MSFC မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဘုန်းမြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၆ ရက်နေ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) သဘာပတိ နိုင်ကောင်းရွက် ဦး ဆောင်သောအဖွဲ့ နှင့် ၂၀၂၀ ရွေး ကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြားအစု အဖွဲ့ များဖြင့် ဖွဲ့စည်းထားသော မွန်ပြည်နယ် အတိုင်ပင်ခံကောင်စီ (MSCC) ဥက္ကဋ္ဌ ဒေါက်တာခင်ဆောင် ဦးဆောင်သောအဖွဲ့တို့ က အွန်လိုင်းမှ တဆင့် ပထမအကြိမ် တွေ့ဆုံခဲ့ကြောင်း၊ ယင်းတွေ့ဆုံပွဲတွင် အကြမ်းဖက်စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး အရ အတူတကွ ဆန့်ကျင်ရန် သဘောတူခဲ့ကြောင်း သိရသည်။
“အခုတွေ့ဆုံမှုမှာ ကျနော်တို့နှစ်ဖွဲ့အနေနဲ့ ပြည်နယ်တွင်း နိုင်ငံရေးစစ်ရေး ကိစ္စအရပ်ရပ်ကို အမြင် ဖလှယ်ဆွေးနွေးခဲ့ကြပြီး အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးအရ အတူတကွဆန့်ကျင်ကြဖို့ သဘောတူခဲ့ကြတယ်။ စကမရဲ့အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ တရားမဝင်သလို၊ ပြည်သူလုထုကလည်း အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ စကမရဲ့ တရားမဝင်ရွေးကောက်ပွဲကို အ တူတကွဆန့်ကျင်ရင်း တချိန်တည်းမှာပဲ တော်လှန်ရေးအင်အားစုတွေအကြားမှာ ၂၀၀၈ ကိုဖျက် သိမ်းပြီးဖြစ်တဲ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည် ဆောက်ရေးလမ်းကြောင်းပေါ်မှာ လျှောက်နေကြတာဖြစ်ပါတယ်။ စကမအနေနဲ့ ရွေးကောက်ပွဲကို အကြမ်းဖက်နည်းလမ်းသုံးပြီး သူတို့လိုချင်တဲ့ရလဒ်ထွက်လာအောင် ကြိုးစားလာနိုင်လို့ ပြည်သူလူထုအနေနဲ့ အထူးသတိရှိဖို့ လိုပါတယ်။” ဟု မွန်ပြည်ဖက် ဒရယ်ကောင်စီ – MSFC မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဘုန်း မြတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယင်းတွေ့ဆုံပွဲတွင် မွန်ပြည်နယ်အတွင်း နိုင်ငံရေး/စစ်ရေးဖြစ်စဥ်များအပေါ် သုံးသပ်ဆွေးနွေးခြင်း၊ စစ်ကော်မရှင်မှကျင်းပပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအပေါ် ဆွေးနွေးခြင်းနှင့် ရှေ့ဆက် လက် တွဲလုပ်ဆောင်နိုင်မည့် လုပ်ငန်းများကို နှစ်ဖက်အမြင်ဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကော်မရှင်မှပြုလုပ်မည့် တရားမဝင်ရွေးကောက်ပွဲအား မွန်ပြည်နယ်ကို ကိုယ်စားပြု သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နှင့် မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ (MSCC) တို့မှ အတူ လက်တွဲဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပူးတွဲသတင်းထုတ်ပြန်ထားသည်။
“စကမဟာ မွန်ပြည်နယ်အလယ်ပိုင်းမြို့နယ်တချို့မှာ ထိန်းချုပ်ထားနိုင်ပေမယ့် ပြည်နယ်တောင်ပိုင်း နဲ့ မြောက်ပိုင်းတွေမှာ တော် လှန်ရေးအင်အားစုတွေက စိုးမိုးထားတဲ့အနေအထားဖြစ်ပါတယ်။ကျနော် တို့ တော်လှန်ရေးအင်အားစုများကလည်း ဘုံရည် မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်ဟူသမျှကျဆုံးရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကို တစိုက်မက်မက်ကြိုးပမ်းနေမှာ ဖြစ်ပါတယ်။” ဟု မွန်ပြည်ဖက် ဒရယ်ကောင်စီ – MSFC မဟာမိတ် ဆက်ဆံရေးတာဝန်ခံ နိုင်ဘုန်းမြတ်က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
