28.6 C
Yangon

ကျောက်ကြီး၊ ကျွန်းစုနှင့် ထားဝယ်မြို့နယ်တို့တွင် စစ်သားနှင့် စစ်မှုထမ်းတပ်သားသစ် ၅ ဦး လက်နက် ယူဆောင် အလင်းဝင်

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၈

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ခလရ ၆၀ တပ်ရင်းနှင့် ခမရ ၅၉၀ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၃ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၅နာရီခန့်အချိန် ကျောက်ကြီးမြို့နယ် ခလရ ၆၀ တပ်ရင်းမှ အသက် ၂၈နှစ်အရွယ် ဝင်းထွန်း ၊ အသက် ၃၁နှစ်အရွယ် မောင်ရှိုင်းမင်း ၊ ခမရ ၅၉၀ တပ်ရင်းမှ အသက် ၃၀နှစ်အရွယ် မောင်ဝင်းထက်အောင်တို့က ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း(၉)ထံသို့ လက်နက်ချ အလင်းဝင်လာကြကြောင်းသိရှိရသည်။

အလင်းဝင် စစ်မှုထမ်းတပ်သားသစ် ၃ ဦးမှာ ပြည်သူ့စစ်မှုထမ်း အပတ်စဥ် ၁၁ စစ်သင် တန်းဆင်များ ဖြစ်ကြပြီး တပ်သား မောင်ဝင်းထွန်း မှာ ကျေးရွားအတွက် ငွေကျပ်သိန်း ၇၀ ဖြင့် အငှါး စစ်မှုထမ်းသူဖြစ်ပြီး‌ မောင်ရှိုင်းမင်းနှင့် မောင်ဝင်းထက်အောင်တို့ ၂ ဦးမှာ မတရား စစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရသူများဖြစ်ကြောင်း၊ အလင်းဝင်စစ်မှုထမ်းတပ်သားသစ် ၃ ဦး အနေဖြင့် အခက်အခဲအမျိုးမျိုးကြောင့် လက်နက်များယူဆောင်လာနိုင်ခြင်း မရှိ သော်လည်း ကျောက်ကြီးမြို့နယ်တာဝန်ရှိသူများက အဝတ်အစားနှင့်စားသောက်စရာများ ထောက်ပံ့ပေးအပ် ပြီး ကောင်း မွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရှိရသည်။

အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရသည့် အာဏာသိမ်း အကြမ်းဖက် စစ်တပ် အတွင်းမှ တပ်သားများအနေဖြင့် နီးစပ်ရာ တော်လှန်ရေးတပ်များထံသို့ ရရာနည်းဖြင့် လက်နက်ချ အလင်းဝင် ပူးပေါင်းကြပါရန် တိုက်တွန်းအသိပေးလိုကြောင်း KNU ဗဟိုက တိုက်တွန်းသည်။

အလားတူ တနင်္သာရီတိုင်း၊ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၁ သင် တန်းဆင်း စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ခဲ့ကြောင်း ကျွန်းစုမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလအတွင်း ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၁ မှ စစ်မှုထမ်း တပ်သားသစ် အောင်မြင့်ခိုင်က သေနတ်ယူဆောင်လာခြင်းမရှိဘဲ ကျွန်းစုမြိုနယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပကဖ ထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။

“အလင်းဝင်ရောက်လာတဲ့သူက သေနတ်မပါဘူး။ အလင်းဝင်ရောက်လာတဲ့သူက စစ်မှုထမ်း တပ် သားသစ်ပါ။ အလင်းဝင်ရောက်လာတဲ့သူကတော့တပ်သားအောင်မြင့်ခိုင်ပါ။ အလင်းဝင်ရောက်လာတဲ့သူက တပ်ကတော့ ၂၈၅တပ်ကပါ။ သူက စစ်မှုထမ်း အပတ်စဉ်ကတော့ ၁ ကပါ။ စစ်မှုထမ်း သင်တန်းကို ဧရာ ဝတီတိုင်း ဟင်္သတမှာ တက်ရောက်ခဲ့တာပါ။ သူက အိမ်မှာနေရင်း စစ်မှုထမ်းအဖြစ် အဖမ်းခံရတာပါ”ဟု ကျွန်းစုမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ မှ တာဝန်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှ ပကာရီရွာသို့ စစ်ကြောင်းထိုးလာသော ခမရ ၄၀၆ တပ်ရင်းမှ စစ်သား ၁ ဦး သေနတ် ၁ လက်နှင့်ခဲယမ်းများယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း ဒူရက စစ်ကြောင်း အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၃ ရက်နေ့တွင် ထားဝယ်မြို့မှ ပကာရီရွာသို့ ထွက်လာသောနယ်မြေရှင်းစစ်ကြောင်းမှ ခမရ ၄၀၆ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ရဲသိန်းနိုင်သည် သေနတ် ၁လက် ခဲယမ်းများ ယူဆောင်လာပြီး ဒူရက စစ်ကြောင်း အဖွဲ့ထံသို့ အလင်းဝင်ရောက်လာကြောင်းသိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်သား ရဲသိန်းနိုင်သည် MA 1 ၁ လက် ၊ ကျည် ဘောက် ၄ ခု၊ကျည် ၁၈၀ တောင့်နှင့် အတူ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံသို့ လက်နက်ချအလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။

အလင်းဝင်စစ်သားကို ဆုကြေးငွေ ၅၀ သိန်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ကြောင်း၊ ထိုနောက် သွားလိုသည့် လွတ်မြောက်နေရာ တစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီ မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် ဒူရက စစ်ကြောင်း အဖွဲ့က အသိပေးနှိုးဆော်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article