ဒီကနေ့ စက်တင်ဘာ ၂၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ဗန်းမောက်မြို့ကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်နှင့် SNA တပ်တွေက မြို့ပြင် အနောက်ဘက်ခြမ်းမှာ စုဖွဲ့ကာ ပြန်လည် ထိုးစစ်ဆင်နေတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
- ရခိုင်ပြည်နယ်၊ အမ်းမြို့မှာ AA က တိုက်ခိုက်သိမ်းပိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲမှာ စစ်တပ်ဘက်က ဗိုလ်ထိန်လင်းအောင် သေဆုံးခဲ့တာကို အခုစက်တင်ဘာလ ၉ လကျော်ကြာမှသာကျန်ရစ်သူ မိသားစုဆီကို စစ်တပ်က တရားဝင်စာပေးပို့ အကြောင်းကြားလာတယ်လို့ မိသားစုနှင့်နီးစပ်တဲ့ မိတ်ဆွေတွေက ပြောပါတယ်။
- အာဏာသိမ်း စစ်ကော်မရှင်တပ်ရဲ့ ပြည်သူ့စစ်မှုထမ်း စုဆောင်းရရှိခဲ့မှုဟာ လူဦးရေ ၆၀,၀၀၀ ဝန်းကျင်အထိရှိလာ ပြီး အဲ့ဒီအထဲက အနည်းငယ်သာ ထွက်ပြေးလွတ်မြောက်တာနဲ့ အလင်းဝင်တာ ရှိတဲ့သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
