ရန်ကုန်၊ စက်တင်ဘာ ၂၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ အမျိုးသမီးသမီးဘော်ဒါဆောင်အတွင်းသို့ လက်နက်ဖြင့် ဝင်ရောက် ဓားပြတိုက်ပြီး မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာလုပ်သည့် စစ်သား အောင်မျိုးခန့်ကို ပြည်သူများက ၀ိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာ ၂၁ ရက်နေ့ သန်းခေါင်ယံအချိန် ည ၁၂ နာရီဝန်းကျင် မြစ်ကြီးနားမြို့၊ စီတာပူရပ် ကွက် အတွင်းရှိ အမျိုးသမီး ဘော်ဒါဆောင်တစ်ခုအတွင်းသို့ အကြမ်းဖက်စစ်တပ်မှ တပ်သား အောင်မျိုးခန့်က လက်နက်ကိုင် ဝင်ရောက်ပြီး ဘော်ဒါဆောင်နေ မိန်းကလေးများထံမှ ငွေနှင့် ဖုန်းများကို တောင်းယူခဲ့ကြောင်း၊ မိန်းက လေးများက ငွေနှင့် ဖုန်းများ မရှိဟု ငြင်းဆိုသည့်အခါ အဝတ်အစားများချွတ်ခိုင်းပြီး မဖွယ်မရာ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ မဖွယ်မရာလုပ်ဆောင်ပြီးနောက် မိန်းကလေး ၂ ဦးကြားဝင်ရောက်အိပ်စက်စဉ် မိန်းကလေး ၁ ဦးက စစ်သား အောင်မျိုးခန့်၏ လက်နက်ကို လုယူထွက်ပြေးပြီး ပတ်ဝန်းကျင်ကို အော်ဟစ် အကြောင်းကြားခဲ့ကြောင်း၊ ယင်းနောက် ပြည်သူများက စစ်သားအောင်မျိုးခန့်ကို ဝိုင်းဝန်းဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
“ည ၁၂ နာရီလောက်မှာ ဝင်တာ၊ ဝင်ပြီးတော့ သေနတ်ပါတယ်၊ သေနတ်နဲ့ ချိန်ထားပြီးတော့ အ ဆောင်က ၁၂ တန်း တက်နေတဲ့ ကလေးမ လေးတွေကို ဖုန်းထုတ်၊ ပိုက်ဆံထုတ်လို့ ပြောတာ၊ အဲဒီ ကလေးမတွေက ဖုန်းတွေ၊ ပိုက်ဆံတွေမရှိဘူးလို့ ပြောတော့ အင်္ကျီချွတ်တဲ့၊ အင်္ကျီတွေ လှန်ပြခိုင်း၊ ဘော်လီတွေချွတ်ခိုင်းပြီး မတ်တပ်ရပ်ခိုင်း၊ တန်းစီခိုင်းပြီးတော့ တစ်ယောက်ပြီးတစ်ယောက် နို့တွေ ကိုင်တာ၊ ကိုင်ပြီးပြီး ခဏနေတော့ နင်တို့ရဲ့ ဆရာတွေက Round လှည့်သလားလို့ မေးတာ၊ Round လှည့်တယ်လို့ပြောတော့ အဲဒါဆိုလည်း ကိုယ့်နေရာမှာကို အိပ်ဆိုပြီး ခိုင်းတာ၊ အားလုံးက ကိုယ့် နေရာ ကိုယ်ပြန်အိပ်တော့ ကောင်မလေးနှစ်ယောက်ကြားမှာ သူက အပေါ်ကနေ တက်အိပ်တာ၊ အဲဒီ အချိန်မှာ ကောင်မလေးတစ်ယောက်က သေနတ်ကို ဆွဲလုယူပြီးတော့ ပြေးဆင်းသွားတာ၊ အောက် ထပ်ရောက်တော့လည်း သူတို့ရဲ့ ဆရာတွေနဲ့တန်းတွေ့ပြီးပြောပြတာ၊ အပေါ်ထပ်ကကောင်မလေး တွေကလည်း သေနတ်မရှိတော့ သူ့ကို အားလုံးဝိုင်းလုံးပြီးတော့ ရိုက်ထားတာပေါ့၊ အောက်က ဆရာ တွေရော၊ ယောက်ျားလေးအဆောင်ဘက်က ယောက်ျားလေးတွေ၊ အိမ်သားတွေရော၊ ပတ်ဝန်း ကျင် က လူတွေရော ရောက်လာပြီးတော့မှ ဝိုင်းဖမ်းကြတာ” ဟု ဖြစ်စဉ်ကို သိရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ဖမ်းဆီးရရှိသည့် တပ်သား အောင်မျိုးခန့်ကို အကြမ်းဖက်စစ်တပ်လက်အောက်ခံ စရဖ တပ်ဖွဲ့ က လာရောက် ခေါ်ဆောင်သွားဖြင့် အပ်နှံပေးလိုက်ရကြောင်း သိရသည်။
မြစ်ကြီးနားမြို့ပေါ်တွင် ခိုး၊ ဆိုး ၊ လုယက်မှုများ၊ လူသတ်မှုများ မကြာခဏဖြစ်ပေါ်လျက်ရှိပြီး အာ ဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့်အပေါင်းပါများက လုပ်ဆောင်လျက်ရှိနေသောကြောင့် ပြည် သူများအနေဖြင့် အထူးဂရုစိုက်နေထိုင်ပေးကြပါရန် ပြည်သူအချင်းချင်းတိုက်တွန်းပြောဆိုလျက် ရှိကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



