24.8 C
Yangon

ဝန်းသိုမြို့နယ်၊ ထောက်ကြန့်တောရွာတွင် ၃ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့် သေဆုံး၊ စစ်သုံ့ပန်း ၅ ဦးနှင့်အတူ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ထောက်ကြန့်တောရွာ၌ ၃ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃၀ ခန့် သေဆုံးခဲ့ကြောင်း ဝန်းသိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စက်တင်ဘာလ ၁ ရက်နေ့က ဝန်းသိုမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းတို့မှ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဝန်းသိုမြို့အရှေ့ဘက် ထောက်ကြန့်တောကျေးရွာအရောက် တော်လှန်ရေးတပ်ဖွဲ့များ က ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ၃ ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်သား ၃၀ ဝန်းကျင်သေဆုံးကာ စစ်သုံ့ပန်း ၅ ဦးနှင့်အတူ လက်နက်ခဲယမ်း အချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“ဝန်းသိုအထိုင်တပ်ကနေ ဝန်းသိုအရှေ့ဘက်ထောက်ကြန့်တောရွာကို စစ်ကြောင်းထိုး လာတဲ့အချိန် ဝန်သိုနယ်မြေခံအင်အားစုတွေနဲ့ ကောလင်းနယ်မြေခံအင်အားစုအဖွဲ့တွေ ပေါင်းပြီး တိုက်ခိုက်တာ၊ ၃ ရက်ကြာ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်။ စစ်သား ၃၀ ဝန်းကျင်သေတယ်၊ စစ်သုံ့ပန်း ၅ ဦးနဲ့ လက်နက် အချို့သိမ်းဆည်းရရှိခဲ့တယ်၊ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ၄ ဦး ထိခိုက်ဒဏ်ရာရတယ် ၊ အသက် အန္တရာယ်မစိုးရိမ်ရဘူး” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင်တပ်ရင်း ၁ နှင့် ကန့်ဘလူခရိုင်တပ်ရင်း ၄ တပ်ဖွဲ့ဝင်များ၊ ဝန်း သိုမြို့နယ် အခြေစိုက် တော်လှန်ရေးအင်အားစုများနှင့် ကောလင်းမြို့နယ်အခြေခံတော်လှန်ရေးအင် အားစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး မစိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article