24.8 C
Yangon

ကော့ကရိတ်၊ အင်းကြီးရွာတွင် ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသဖြင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အင်းကြီးရွာဘက်တွင် ရက်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၍ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်တွေကို ဆက်တိုက် မီးရှို့နေကြောင်း ကရင် စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့နှင့် စက်တင်ဘာလ ၂၁ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား အင်းကြီးရွာဘက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃၀ ဦးခန့် သေဆုံးကာ ဒဏ်ရာရရှိသူ ၂၀ ဦးခန့်ရှိကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သား အလောင်းများနှင့် စစ်မှုထမ်း တပ်သားများ၏ အလောင်းများကို စစ်တပ်က ပြန်လည် ကောက်ယူခြင်းမရှိဘဲ စစ်အရာရှိ အလောင်းများကိုသာ လိုက်လံ ကောက်ယူခဲ့ကြောင်း၊ ယင်းနောက် ဂျိုင်းရွာကြီး သချိုင်းတွင် သဂြိုလ်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသော စစ်သားများကိုလည်း ဘားအံ တောင်းကလေး ဆေးရုံသို့ ကားဖြင့် ပြန်သယ်သွားကြောင်း သိရှိရသည်။

“စက်တင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့မှာ စစ်တပ်နဲ့ KNLA ပူးပေါင်း တပ်တို့ အင်အားအများအပြားနဲ့ အင်းကြီးရွာဘက်မှာ တိုက်ပွဲပြင်းထန်ပြီး တိုက်ပွဲအတွင်း စစ်ခွေး အမြောက် အများ သေဆုံးတယ်။ တိုက်ပွဲ ၂ ရက်အတွင်းမှာ စစ်ခွေး ခန့်မှန်း ၃၀ လောက် သေတယ်။ ဒဏ်ရာရတာ ၂၀ လောက်ရှိတယ်။ KNLA ဘက် က ၂ ဦး ကျဆုံးပြီး ၅‌ ဦး ဒဏ်ရာရတယ်လို့ သိရတယ်။ စစ်တပ်က အောက်ခြေ တပ်သား အလောင်းနဲ့ စစ်မှုထမ်းဆိုရင် အလောင်းမကောက်ဘူး။ အရာရှိ အလောင်းပဲကောက်တာ” ဟု ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အင်းကြီးရွာနှင့် ကျုံဘိုင်းရွာကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်ကို DKBAနှင့် BGF တပ်များက ဦးဆောင် လမ်းပြနေခြင်းဖြစ်ပြီး ထိုထိတွေ့ တိုက်ပွဲများသည် ဩဂုတ် ၃၀ ရက်နေ့မှ စတင်ကာ စက်တင်ဘာ ၂၁ ရက်နေ့ အထိ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအင်းကြီးရွာနှင့် ကျုံဘိုင်းရွာ တိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀၀ ဝန်းကျင် ထိခိုက်သေဆုံးထားပြီး အကြိမ်ကြိမ် တပ်လန်၍ ရှေ့ဆက် မတိုးနိုင်ကြောင်း၊ ထို့ကြောင့် စစ်တပ်က လေယာဉ်၊ ဒရုန်းများဖြင့် ဗုံးကျဲခြင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေကာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများနှင့် လူနေအိမ်များကို မြေပြင် စစ်ကြောင်းက ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article