27.2 C
Yangon

နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ်နှင့် အထက် လူငယ်များ ခရီးလွန်ပျောက်ဆုံးနေပြီး မြို့နယ် ၂ ခုတည်းတွင်ပင် လူဦးရေ ၂ သောင်းခွဲကျော် ခရီးလွန်ပျောက်နေ၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်များကို စစ်တပ်က အဓမ္မ မဲပေးခိုင်းနေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

နေပြည်တော်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ်နှင့် အထက် လူငယ်များ ခရီးလွန်ပျောက်ဆုံးနေပြီး နေပြည်တော်အတွင်းရှိ မြို့နယ် ၂ ခုတည်းတွင်ပင် ခရီးလွန်ပျောက်ဆုံးလူဦးရေ ၂ သောင်းခွဲကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ဌာနတွင်း တင်ပြစာများအရ သိရှိရသည်။

အကြမ်းဖက်စစ်တပ်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ဆန္ဒမဲပေးရန် အကျုံးဝင်နေသည့် အသက် ၁၈ နှစ်နှင့်အထက် လူငယ်များစာရင်းကို မြို့နယ်ထွေ/အုပ်နှင့် လ၀ကတို့က အပတ်စဉ် စိစစ်နေကြောင်း၊ ထိုသို့ စိစစ်ရာတွင် လာမည့် ဒီဇင်ဘာလတွင် အသက် ၁၈ နှစ်ပြည့်မည့် အတည်ပြုလူဦးရေ စာရင်းရရှိရေး မြို့နယ်များအလိုက် မြေပြင် ကွင်းဆင်း လူဦးရေ ကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်လျက်ရှိကြောင်း၊ ယင်းသို့ စိစစ်ရာတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ၈ မြို့နယ်တွင်ပင် အသက် ၁၈ နှစ်နှင့်အထက် လူငယ်များ ခရီးလွန်ပျောက် ဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရှိရသည်။

လက်ရှိ ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် လူငယ်များ ခရီးလွန်ပျောက် ဆုံးနေသည့် နေပြည်တော်ကောင်စီမြို့နယ် ၈ မြို့နယ်အနက်မှ မြို့နယ် ၂ ခုတည်းတွင်ပင် လူဦးရေ ၂ သောင်းခွဲကျော် ခရီးလွန်ပျောက်ဆုံးနေကြောင်း၊ ဇမ္ဗူသီရိမြို့နယ်တွင် ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၃၉၁၈ ဦး၊ ပျဉ်းမနားမြို့နယ်တွင် ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေ ၂၁၂၂၀ ဦး ခရီးလွန်ပျောက်ဆုံးနေကြောင်း၊ အခြားမြို့နယ်များတွင်လည်း လူဦးရေ ထောင်ဂဏန်းမှ သောင်းဂဏန်းအထိ လူငယ်များ စာရင်းသာရှိပြီး လက်တွေ့တွင် နေထိုင်ခြင်းမရှိတော့ဘဲ ခရီးလွန်ပျောက်ဆုံးနေကြောင်း သိရှိရသည်။

ထို့ကြောင့် စစ်ကော်မရှင်က တိုင်းအဆင့်၊ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်များအနေဖြင့် ရပ်ကွက်/ကျေးရွာများနှင့်ချိတ်ဆက်၍ လည်းကောင်း၊ ဌာနဆိုင်ရာများအနေဖြင့်လည်း လက်ရှိ ပြောင်းရွေ့ ရောက်ရှိသူ မိသားစုဝင်များ (၁၈နှစ်နှင့်အထက်) စာရင်း အတိုးအလျော့အားလည်းကောင်း မဲစာရင်းလူဦးရေစာရင်း တွင် ပါဝင်သည့် ခရီးလွန်များ ပြန်လည်ရောက်ရှိမှု အခြေအနေများကို တိုး တက်မှု ရှိ၊မရှိ စိစစ်ဆောင်ရွက်သွားရန်၊ အပတ်စဥ် တိုးတက်မှု အခြေအနေကို ကျေးရွာအုပ်စု၊ ရပ်ကွက်အလိုက်၊ ဌာနအလိုက် သတ်မှတ်ပုံစံဖြင့် တင်ပြဆောင်ရွက်ရန် ညွှန်ကြားထားသည်။

လူဝင်မှုကြီးကြပ်ရေး ဌာနအနေဖြင့် နိုင်ငံတစ်ဝန်း ဆန္ဒမဲပေးနိုင်သည့် အသက် ၁၈ နှစ်နှင့်အထက် လူဦးရေများကို အပတ်စဉ် စိစစ်ရာတွင် တိုင်းအဆင့်တွင် အပတ်စဉ် တနင်္လာနေ့တိုင်း၊ ခရိုင်အဆင့်တွင် အပတ်စဉ် သောကြာနေ့တိုင်း၊ မြို့နယ်အဆင့်တွင် ဗုဒ္ဓဟူးနေ့တိုင်း စိစစ်ရမည်ဟု စစ်ကော်မရှင်က ညွှန်ကြား ထားကြောင်း သိရှိရသည်။

အခြားတစ်ဖက်တွင်လည်း စစ်တပ်က နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူများကို မူလနေထိုင်ရာ မြို့နယ်များအတွက် ဆန္ဒမဲပေးလိုပါက ရောက်ရှိမြို့နယ် ကော်မရှင်အဖွဲ့ခွဲတွင် လာမည့် အောက်တိုဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ ပုံစံ ၁၅ ဖြင့် လျှောက်ထားရန် ဖိအားပေးနေကြောင်း၊ စစ်ဘေးရှောင်များအနေဖြင့် ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ နိုဝင်ဘာလ ၂၉ ရက်နေ့ အထိ မဲပေးရမည်ဟု ဖိအားပေးနေကြောင်း သိရှိရသည်။

နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူများအနေဖြင့် မိမိတို့ မူလနေထိုင်ရာ မြို့ နယ်များအတွက် ကြိုတင်မဲမပေးလိုပါက ရောက်ရှိနေသော မြို့နယ်များတွင် ဆန္ဒမဲပေးရန် လျှောက်ထားရန်လည်း စစ်တပ်က ဖိအားပေးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဂျပန်နိုင်ငံသို့ ထွက်ခွာနိုင်ရန် အဓိကကျသည့် ဂျပန်ဘာသာအရည် အချင်းစစ်စာမေးပွဲ(JLPT) လျှောက်လွှာဝယ်ရန် တန်းစီနေကြသည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဂျပန်နိုင်ငံသို့ ထွက်ခွာနိုင်ရန် အဓိကကျသည့် ဂျပန်ဘာသာအရည် အချင်းစစ်စာမေးပွဲ(JLPT) လျှောက်လွှာဝယ်ရန် တန်းစီနေကြသည့် လူငယ်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article