27.2 C
Yangon

စစ်တပ်မှ ဗိုလ်မှူးကြီးများကို လွှတ်တော်အမတ်လောင်းများအဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသို့ မင်းအောင် လှိုင် စေလွှတ်၊ ရွေးကောက်ပွဲတွင် စစ်တပ်ကိုယ်စားပြုအဖြစ် ကြံ့ဖွတ်ပါတီအပြင် တစညပါတီပါ ပါဝင်လာ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်တပ်မှ ဗိုလ်မှူးကြီးများကို လွှတ်တော်အမတ်လောင်းများအဖြစ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) သို့ မင်းအောင်လှိုင်က စေလွှတ်လိုက်ပြီး ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြသည့် တစညပါတီ၏ အမတ်လောင်းစာရင်းများတွင် အဆိုပါ တပ်အရာရှိများအားလုံး ပါဝင်သွားပြီဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ တပ်ကြပ်ကြီးစာရေးအဆင့်အထိ ၄၈၉ ဦး စေလွှတ်ခဲ့ပြီး စစ်တပ်မှ ဗိုလ်ချုပ်ကြီး ၁ ဦး ၊ ဒုဗိုလ်ချုပ်ကြီး ၆ ဦး ၊ ဗိုလ်ချုပ် ၁၂ ဦး၊ ဗိုလ်မှူးချုပ်၊ဗိုလ်မှူးကြီးနှင့်ဒုဗိုလ်မှူးကြီး ၃၀၀ ဦး ၊ ဗိုလ်ကြီးနှင့်ဗိုလ်မှူး ၁၁၀ ဦး၊ ရုံးအုပ်မှ တပ်ကြပ်ကြီးစာရေးအထိ အခြားအဆင့် ၆၀ ဦး စေလွှတ်ခဲ့ကြောင်း၊ စစ်တပ်ထိပ်တန်းအရာရှိကြီးများမှာ ကြံ့ဖွတ်ပါတီ၏ အမတ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိသည်။

ထို့ပြင် မင်းအောင်လှိုင်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီသို့လည်း ဗိုလ်မှူးကြီးများကို အမတ်လောင်းများအဖြစ် စေလွှတ်လိုက်ပြီး အဆိုပါ ဗိုလ်မှူးကြီးများမှာ တစညပါတီ၏ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဖြစ် ပါဝင်သွားပြီဖြစ်ကြောင်း သိရှိရသည်။

“မနေ့က တစညပါတီ နှစ်ပတ်လည်မှာ ဗိုလ်မှူးကြီးတွေ တစည ပါတီရဲ့ အမတ်လောင်းတွေ အဖြစ်တက်လာကြတယ်။ တပ်က အမတ်လောင်းတွေ စေလွှတ်တဲ့အထဲမှာ ကြံ့ခိုင်ရေးပါတီတင်မကဘူး၊ တစညပါတီဆီပါ ရောက်ကြတယ်။ ဗိုလ်မှူးကြီး အမတ်လောင်း အရေအတွက် အတိအကျ မသိရပေမယ့် အတော်များများပါသွားဖို့ရှိတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ကြောင့် စစ်တပ်ကိုယ်စားလှယ်များဖြင့် စစ်တပ်ကိုယ်စားပြု ပြိုင်ဆိုင်မည့် နိုင်ငံရေးပါတီများတွင် ကြံ့ဖွတ်ပါတီအပြင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီပါ ပါဝင်လာကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အမတ်နေရာ ၁၈၂ နေရာ၊ အမျိုးသားလွှတ်တော် ၁၁၁ နေရာ၊ တိုင်း/ပြည်နယ်လွှတ်တော်အမတ်နေရာ ၄၈၇ နေရာ၊ တိုင်းရင်းသားလူမျိုးစု လွှတ်တော် ၁၄ နေရာ စုစုပေါင်း လွှတ်တော်အမတ်နေရာ ၆၉၄ နေရာ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီပြီးလျှင် ဒုတိယအမတ်နေရာ အများဆုံး ရွေးကောက်ပွဲဝင်မည့်ပါတီဖြစ်ကြောင်း သိရှိရသည်။

ကြံ့ဖွတ်ပါတီကမူ လာမည့် ရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၁၀၁၈ ဦးဖြင့် အများဆုံးယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာ ယခင် အာဏာရှင်ဟောင်း နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို အမည်ပြောင်းလဲထားခြင်းဖြစ်ပြီး အာဏာရှင်ဟောင်း နေဝင်းလက်ထက်မှာ ဗိုလ်ချုပ်ဟောင်းများနှင့် အဆက်အနွယ်များက ဦးစီး ထားသော စစ်တပ်ကိုယ်စားပြု နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article