ဒီကနေ့ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် အဖွဲ့ဝင် ၁၃ ဦး၊ AA တပ်ဖွဲ့၊ ချင်းပြည် Chinland အစိုးရ အဖွဲ့ဝင် ၁၇ ဦးနဲ့ Khit Thit Media တို့ကို စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားမှုဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရွာမှာအထိုင်ချထားတဲ့ စစ်တပ်ဂိတ်က ခရီးသွားပြည်သူတွေရဲ့ ကား ၁၁ စီးထက်မနည်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့တယ်လို့ ဓားပြတိုက်ခံခဲ့ရတဲ့ ခရီးသွားပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်၊ လာဟီဆင်ဒေသကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က သေဆုံးမှု များပြားပြီး ရုပ်အလောင်းတွေ သိမ်းဆည်းရရှိခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
