25 C
Yangon

ကျောက်မဲနှင့် သီပေါတွင် စစ်တပ်လက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် သတင်းပေး ၁၀ ဦးကျော်ကို ဖမ်းဆီးရရှိပြီး ၎င်းတို့က သူတောင်းစား၊ သူဌေး၊ ခရီးသွား အပါအ၀င် ပုံစံမျိုးမျိုး အယောင်ဆောင် သတင်းရယူခဲ့

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော ကျောက်မဲမြို့နှင့် သီပေါမြို့နယ်တို့တွင် စစ်တပ်လက်အောက်ခံ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)နှင့် သတင်းပေး ၁၀ ဦးကျော်ကို ဖမ်းဆီးရရှိခဲ့ပြီး ဖမ်းဆီးရရှိသူများမှာ သူတောင်းစား၊ သူဌေး၊ ခရီးသွား အပါအ၀င် ပုံစံမျိုးမျိုး အယောင်ဆောင် သတင်းရယူခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ကျောက်မဲနှင့် သီပေါမြို့တို့တွင် TNLA ရဲတပ်ဖွဲနှင့် ဌာနဆိုင်ရာတို့က ပူးပေါင်းပြီး ရှောင်တခင်စစ်ဆေးမှုများဆောင်ရွက်စဥ် စရဖနှင့်သတင်းပေး ၁၀ ဦးကျော်ကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ လားရှိုးမြို့ အတွင်းရှိ စစ်ကောင်စီတ်ကTNLA အုပ်ချုပ်သော မြို့နယ်များအတွင်းရှိ TNLA ၏ ဂိတ်နေရာများ၊ ဂိတ်တွင်းရှိ လူအင်အား၊ လက်နက်အင်အားများ၊ ဌာနဆိုင်ရာအင်အားများ၊ တပ်စခန်းနေရာများ၊ လူစုလူဝေးများသည့်နေရာများတွင် သတင်းရယူပြီး လေကြောင်းပစ်ခတ်မှုပြုလုပ်ကြောင်း၊ ယင်းနောက်တွင် ထိရောက်မှုရှိ၊ မရှိကို စုံစမ်းထောက်လှမ်းရယူခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စစ်တပ် လွယ်ကူစွာဝင်ရောက်နိုင်မည့် လမ်းနှင့် ထောက်ပို့လမ်းကြောင်းအခြေ အနေများကိုလည်း အဓိကထောက်လှမ်းပြီး သတင်းပေးပိုခဲ့ကြောင်း၊ စရဖများနှင့် သတင်းပေးများသည် မြို့ အတွင်းသို လမ်းလျှာက်သော် လည်း ကောင်း၊ ဆိုင်ကယ်ဖြင့်သော်လည်းကောင်း၊ လိုင်းကားဖြင့်သော်လည်း ကောင်း၊ အိမ်ကားသော်လည်းကောင်း၊ သူဌေးယောင်ဆောင်သော်လည်းကောင်း၊ သူတောင်းစားယောင်ဆောင်သော်လည်းကောင်း၊ ခရီးသွားယောင်ဆောင်သော်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ဝင်ရောက်ပြီး သတင်းများထောင်လှမ်းယူခဲ့ကြောင်း သိရှိရသည်။

စရဖနှင့် သတင်းပေး အချင်းချင်း ဆက်သွယ်မှုပြုလုပ်ရာတွင်လည်း လက်ဟန်အမူအရာ၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးကွမ်းယာဆိုင်နှင့် လူရှင်းသည့်နေရာများတွင် လူချင်တွေ့ပြီးတစ်ဦးနှင့် တစ်ဦးသတင်းပေးပြီး စစ်ကောင်စီတပ်ထံသို့ အွန်လိုင်းပလက်ဖောင်းဖြစ်သည့် Viber/ Facebook/ Wechat/ Telegram များမှတဆင့် သတင်းပေးပို့ခဲ့ကြကြောင်း သိရှိရသည်။

စစ်တပ်က တအာင်းပြည်အတွင်းရှိ မြို့ နယ်များတွင် စစ်ဘက်ရေးရာလုံခြုံ‌ရေးများစွာ စေလွှတ်ထားပြီး အဆိုပါဖမ်းဆီးရမိသူများကိုလည်း လုံခြုံစိတ်ချသည့်နေရာတွင် ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း၊ ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါက တအာင်းပြည် ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article