ဒီကနေ့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း ဆန္ဒမဲပေးနိုင်တဲ့အရွယ် အသက် ၁၈ နှစ်နဲ့ အထက် လူငယ်တွေဟာ ခရီးလွန်ပျောက်ဆုံးဆိုတဲ့ စာရင်းတွေပဲ များနေပြီး မြို့နယ် ၂ ခုတည်းမှာတင် လူဦးရေ ၂ သောင်းခွဲကျော် ခရီးလွန်ပျောက်ဆုံး စာရင်းဝင်နေကြတယ်လို့ စစ်တပ်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ ဌာနတွင်း တင်ပြစာတွေအရ သိရပါတယ်။
- TNLA သိမ်းပိုက်ထားတဲ့ ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာ စစ်တပ်လက်အောက်ခံ (စရဖ) နဲ့ သတင်းပေး ၁၀ ဦးကျော်ကို ဖမ်းဆီးရရှိထားပြီး ၊ သူတို့ဟာ တောင်းစားတဲ့သူပုံစံ ၊ သူဌေး ပုံစံ ၊ ခရီးသွား ပုံစံမျိုးမျိုးနဲ့ အယောင်ဆောင်ပြီး သတင်းရယူသူတွေဖြစ်တယ်လို့ TNLA က တရားဝင် ထုတ်ပြန်ထားပါတယ်။
- ရုရှားရောက် အကြမ်းဖက် မင်းအောင်လှိုင်က နိုဗာစီဗစ် မြို့ အုပ်ချုပ်ရေးမှူးကို လက်ဖက်သုပ်နဲ့ ငါးသလောက်ပေါင်း သွားကျွေးပြီး လက်ဖက်ရည်ပါ သွားတိုက်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
