စစ်အာဏာရှင် အမြစ်ပြတ် တိုက်ဖျက်ရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းတို့ တွေ့ဆုံ ဆွေးနွေးပြီး ခိုင်မာစွာ လက်တွဲရန် သဘောတူညီလိုက်ကြောင်း နှစ်ဖက်စလုံးက သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထိုသို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအင်အားစုများကြား ယခုထက် ပိုမို စည်းလုံးညီညွတ်စွာ လက်တွဲပြီး မြန်မာနိုင်ငံ စစ်အာဏာရှင်လက်လက်အောက်မှ အပြီးတိုင် လွတ်မြောက်ရေး၊ စစ်အာဏာရှင်နှင့် အာဏာ ရှင်ဟူသမျှ အမြစ်ပြတ်တိုက်ဖျက်ရေး၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနှင့် လူထုသာယာဝပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက် ဆက်လက် ခိုင်မာစွာ အတူ လက်တွဲ ဆောင်ရွက်သွားကြရန် ခေါင်းဆောင်နှစ်ဦး သဘောတူခဲ့ကြသည်ဟု သိရှိရသည်။
NUG သမ္မတနှင့် KNU ဥက္ကဋ္ဌ တို့ တွေ့ဆုံမှုအတွင်း နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် တော်လှန်ရးအင်အားစုများကြား ပူးပေါင်း လက်တွဲ လုပ်ဆောင်သွားမည့် ကဏ္ဍများနှင့်စပ်လျဥ်း၍ အကျယ်တဝံ့ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။
NUG နှင့် KNU နှစ်ဖွဲ့စလုံးက စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ကြေညာထားပြီး ရွေးကောက်ပွဲကြောင့် နိုင်ငံရေးပြဿနာများ ပိုမိုရှုပ်ထွေးကာ မြန်မာတစ်နိုင်ငံလုံး ပဋိပက္ခများ ပိုမို ပြင်းထန်လာနိုင်ကြောင်း တရားဝင် ကြေညာချက် ထုတ်ပြန် သတိပေးထားသည်။
အာဏာသိမ်း စစ်တပ်ကမူ ရွေးကောက်ပွဲ ဆန့်ကျင်သူမှန်သမျှကို ထိရောက်စွာ အရေးယူမည်ဟု ကြေညာပြီး အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခြင်း၊ အမှုဖွင့်ခြင်းများကို တောက်လျှောက် ဆိုသလို လုပ်ဆောင်လာသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
