26.2 C
Yangon

လှည်းကူးမြို့နယ်တွင် စစ်တပ် လက်အောက်ခံ အုန်းနှဲကုန်းရပ်ကွက်ရုံးကို ဗုံးခွဲ တိုက်ခိုက်

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်တွင် တရားမဝင် ရွေးကောက်ပွဲ ပြုလုပ်ရန် ပြင်ဆင်နေပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်တပ်ထံသို့ ပို့ဆောင်နေသည့် အုန်းနှဲကုန်းရပ်ကွက်ရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်ခန့်တွင် လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းရပ်ကွက်ရုံး၌ အကြမ်းဖက် စစ်တပ်ခန့် အုပ် ချုပ်ရေးမှူးနှင့် လူမိုက်အဖွဲ့ရှိနေစဉ် Yangon Army (YA) ရဲဘော်များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းခွဲ တိုက်ခိုက်မှု အတွင်း အုပ်ချုပ်ရေးမှူးနှင့် လူမိုက်အဖွဲ့များရှိရာ နေရာတွင် ပေါက်ကွဲခဲ့ခြင်းကြောင့် ထိခိုက်မှုရှိပြီး လူနာ တင်ကားများ ရောက်ရှိလာကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အုပ်ချုပ်ရေးမှူး အပါအဝင် ၅ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို အုန်းနှဲကုန်းရပ်ကွက်ရုံးသည် တရားမ၀င်ရွေးကောက်ပွဲကိစ္စများ ဆောင်ရွက်ခြင်း ၊ လူငယ်လူရွယ်များကို ပေါ်တာဆွဲ ဖမ်း ဆီးပြီး စစ်မှုထမ်းရန် အကြမ်းဖက် စစ်တပ်ထံ ရောင်းစား၍ လူကုန်ကူးခြင်းများ လုပ်ဆောင်နေသောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Yangon Army အဖွဲ့က ရှင်းပြသည်။

“ထိခိုက်မှုက အနည်းဆုံး ၅ ယောက်လောက် ထိခိုက်နိုင်တယ်။ မြေပြင်သတင်းပေးက ချက်ချင်းပြောတာက လူနာတင်ယာဥ်တွေရောက်နေပြီဆိုတာပါပဲ။ သေဖို့လည်း များတယ်။ ကျနော်တို့ သေချာလုပ်ခဲ့တာ ရွေးကောက်ပွဲအတွက် အားတက်သရော လုပ် ဆောင်နေကြတဲ့ ကောင်တွေ စာရင်းအသေးစိတ်ပြုစုထားတယ်။ တချိန်မဟုတ်တချိန်လုပ်နေတဲ့မင်းတို့တွေဆီကို ကျနော်တို့အရောက်လာမယ်ဆိုတာသတင်းပါးချင်ပါတယ်။ ပြည်သူတွေကိုလည်း တရားမဝင်ရွေးကောက်ပွဲကို နိုင်တဲ့နေရာကနေ ဆန့်ကျင်ကြဖို့မှာချင်ပါတယ်” ဟု Yangon Army အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

Yangon Army (YA) အနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပတ်သက်သော ပစ်မှတ်များ၊ တရားမ၀င် ရွေးကောက်ပွဲနှင့်ပတ် သက်ပြီး ပါ၀င်လုပ်ကိုင်နေကြသောသူများကို အပြင်းအထန် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

ဓာတ်ပုံ – စစ်တပ်နှင့်ရဲများက ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုကို လုံခြုံရေးယူထားစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article