ရန်ကုန်၊ စက်တင်ဘာ ၂၉
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျဉ်ကြီးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေထိုင်တွင် စားကျက်နေသည့် ၁၀ တန်းကျောင်းသား မောင်အိုင်စတိုင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းတွင် တပ်စွဲထားသော စစ်သားများသည် ဥယျာဉ်ကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း နေအိမ်တွင် စာကျက်နေသည့် အသက် ၁၈ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်အိုင်စတိုင်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
“အလယ်ကုန်း ရဲစခန်းက စစ်ခွေးတွေက ဥယျဉ်ကြီးကျေးရွာကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် နေအိမ်ထဲမှာ စာကျက်နေတဲ့ ၁၀ တန်းကျောင်းသား မောင်အိုင်စတိုင်း ပွဲချင်းပြီးသေဆုံးတယ်။ ဗုံးစက ရင်ဘတ်ကို ထိမှန်ပြီး သေဆုံးတာ စာမေးပွဲ ကာလဆိုတော့ အိမ်ပေါ်မှာ စာကျက်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အဆိုပါ အလယ်ကုန်းရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်သားများသည် စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ဒေါင်စပါးကွင်ရွာ၊ မြို့ကိုင်ရွာ ၊ ဖလံပင်ရွာနှင့် ရွာသစ်ရွာတို့ကို ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးကာ ပြည်သူများလည်း ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





