31.1 C
Yangon

ဒီးမော့ဆို -ဖရူဆို လမ်းတိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၂၀ ကျော် သေဆုံးပြီး ကား ၂ စီးထက်မနည်းပျက်စီး၊ စစ်တပ်က ထိခိုက်သေဆုံးမှုများပြားသည့်ကြားမှ အင်အား အလုံးအရင်းဖြင့် စစ်မျက်နှာ များစွာ ဖွင့်၍ ထိုးစစ် အရှိန်မြှင့်တင်နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

ကရင်နီပြည်နယ်၊ ဒီးမော့ဆို -ဖရူဆိုလမ်းမကြီးတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ ကျော် သေဆုံးပြီး စစ်ကား ၂ စီးထက်မနည်း ပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ် ရေးတပ်-KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လမှ စတင်၍ ဒီးမော့ဆိုမြိုနယ်အတွင်းသို့ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီး တစ်လျှောက်ဆက်လက်စစ်ကြောင်းထိုးသဖြင့် လမ်းကြောင်း တစ်လျှောက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဒီးမော့ဆိုမြို့နယ်၊ ဒေါးငံခါးရပ်ကွက်သို့ စစ်ကောင်စီမှအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် သဖြင့် တိုက်ပွဲများ ပြင်းထန်းလျက်ရှိပြီး ဒေါငံခါးရပ်ကွက်များနှင့်အနီးတဝိုက်ကျေးရွာများသို့ အကြမ်း ဖက် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအပြင် လက်နက် ကြီး တိုက်ခိုက်ခြင်းစသည်တို့ကို နေ့စဉ်မပြတ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“လမ်းကြောင်းတလျှောက်တိုက်ပွဲ တွေမှာ စစ်ကောင်စီဘက်က သေဆုံးတာတွေရှိတယ်။ ပြီးခဲ့တဲ့လ တုန်းက စစ်ကောင်စီသေဆုံးတာ ဆိုရင် ၂၀ ကနေ ၅၀ ကြားလောက်တော့ ရှိနိုတယ်။ ပြီးခဲ့ဩဂုတ်လ တစ်လလုံးပေါ့။ ပြီးတော့ စစ် ကောင်စီကားက အနည်းဆုံး ၂ စီး လောက်ကတော့ ပျက်စီးမှုရှိတယ်။” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။

ထိုအတူ မိုးဗြဲမြို့ တွင်လည်း အကြမ်းဖက် စစ်ကောင်စီတပ်များ လှုပ်ရှားကာ မိုးဗြဲမြို့နှင့် အနီးကျေး ရွာများရှိ ပြည်သူများ အား ဖမ်းစီး နှိပ်စက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် ဖယ်ခုံ မြို့နယ် တောင်းစလုံး ကျေးရွာ ဘက်သို့ PNO နှင့် စစ်ကောင်စီ ပူးပေါင်းစစ်ကြောင်းများ စစ်ကြောင်း ဖြန့်လှုပ်ရှားလျက်ရှိကြောင်း သိရသည်။

“မိုးဗြဲမှာတော့ တိုက်ပွဲတွေ ပြင်းထန်တာမျိုးမရှိတော့ဘူး။ ပြီးခဲ့တဲ့အပတ်က မိုးဗြဲမြို့အနီး‌ ကျေးရွာ တွေမှာ လယ်လုပ်နေတဲ့ ပြည်သူ ၃ ဦးကို စစ်ကောင်စီက ဖမ်းပြီး နှိပ်စက်ခဲ့တာမျိုးတွေ စုံစမ်းသိရှိ တယ်။” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဒီးမော့ဆို-ဖရူဆိုလမ်းမ တလျှောက်အကြမ်းဖက် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေရာယူကာ လမ်းမကြီးဘေးဝဲယာရှိ ကျေးရွာများသို့ လက်ကြီးဖြင့်တိုက်ခိုက်ခြင်း စသည်တို့ကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ဒီးမော့ဆိုမှ ဖရူဆိုမြို့နယ်မှ စစ်ကြောင်းထိုးသော စစ်ကြောင်းနှင့်အတူ စစ်ကောင်စီတပ်၏ ယာဉ်တန်း များမှာ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းသို့ ရောက်ရှိနေပြီး ထို့မှ တဆင့် ဘောလခဲ မြိုနယ်ဘက်သို့ ဦးတည်စစ်ကြောင်းထိုးရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“ဖရူဆို -ဒီးမော့ဆိုဆိုတာက စစ်ကောင်စီ ကင်းတွေ အပြည့်အဝချထားတယ်လို့ ပြောလို့ရတယ်။ ဘောလခဲအထိကို စစ်ကြောင်းထိုးဖို့ ဦးတည်ထားတယ်။ စစ်ကောင်စီအင်အား ၁၀၀၀ ဝန်းကျင်လောက်ရှိမယ်။ ဒီးမော့ဆိုကနေ ဖရူဆိုအထိပေါ့။” ဟု KNDF ဗဟို သတင်းနှင့် ပြန်ကြား ရေးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ထို့ကြောင့် စစ်ကောင်စီ စစ်ကြောင်းထိုးရာ နေရာများနှင့်နီးစပ်သော ကျေးရွာများရှိ ပြည်သူများ အနေ ဖြင့် လုံခြုံရေးသတိရှိကြရန်နှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအ တိုင်း လိုက်နာ ဆောင်ရွက် ကြပါရန် အသိပေးအပ်ပါသည်။

“ကရင်နီပြည်နယ်မှာတော့ ဒီးမော့ဆို – ဖရူဆို နောက်ပြီးတော့ ဖယ်ခုံပေါ့၊ အဲဒီဘက်မှာ စစ်ကောင်စီ ရဲ့ စစ်ကြောင်းတွေရှိနေတာဖြစ်တဲ့တယ်၊ တိုက်ပွဲတွေလည်း အချိန်မရွေး ပြင်းထန် နေတာဖြစ်တဲ့အ တွက် ပြည်သူလူထုတွေက လုံခြုံရေး သတိရှိကြဖို့နဲ့ နယ်မြေခံ တော်လှန်ရေး တပ်ဖွဲ့ တွေရဲ့ လမ်း ညွှန်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းချင်ပါတယ်။” ဟု KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူက သတိပေးပြောဆိုသည်။

ဓာတ်ပုံ – ကရင်နီပြည်တွင် မိုင်းဆွဲခံထားရသော စစ်ကား ၁ စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article