ဒီကနေ့ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ တိုင်းပြည် ပြန်တည်ဆောက်ရေးနှင့် အရှုပ် အထွေး ပြဿနာတွေကို ဖြေရှင်းကိုင်တွယ်ဖို့အတွက် တာဝန်ယူဖို့ အဆင် သင့်ဖြစ်နေပြီလို့ ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက သူရဲ့ လူမှုကွန်ရက်ကနေတစ်ဆင့် ထုတ်ဖော်ကြေညာလာပါတယ်။
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖွဲ့ဝင်နဲ့ နိုင်ငံရေးခေါင်း ဆောင်တွေကို အကျဉ်းချတာ၊ အဖွဲ့ဖျက်သိမ်းဖို့ ကြိုးပမ်းတာဟာ အာဏာသိမ်းစစ်တပ်ရဲ့ အမုန်းတရား သပ်သပ် လုပ်ရပ်တွေသာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က စက်တင်ဘာ ၂၇ရက်က ကျရောက်တဲ့ NLD ပါတီ တည်ထောင်တာ (၃၇)နှစ်ပြည့် သဝဏ်လွှာ မှာ ဖော်ပြထားပါတယ်။
- မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ လမ်းမှာ စစ်တပ်က တပ်ဖွဲ့ဝင်တွေလိုက်ပါတဲ့ အိမ်စီးကားကို စစ်ဆေးဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေက ရပ်တန့်ခိုင်းပေမယ့် လည်း မောင်းပြေးတာကြောင့် လိုက်လံပစ်ခတ်ပြီး ကားကို မီးရှို့ရှင်းလင်းလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




