ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာ၊ ဖလူးရွာနှင့် မယ်ထော်သလေး ဒေသတို့ကို အကြမ်းဖက် စစ်တပ်က ၄ ရက်ဆက် အသေခံ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာ၊ ဖလူးရွာနှင့် မယ်ထော်သလေး ဒေသတို့ကို အသေခံ ဒရုန်းများဖြင့် ၄ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းရှိ အဆောက်အဦးများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
” ၄ ရက်ဆက်တိုက်ကို စစ်ခွေးတွေက ကျဲနေတာ ဖလူးရွာကို ၂၆ ရက်နေ့မှာ ကျဲတယ်။ ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်း ပျက်စီးတယ်။ ၂၇ ရက်နေ့ ညပိုင်းမှာ မင်းလက်ပံရွာ ဘုန်းကြီးကျောင်းကိုကျဲတယ်။ ၂၈ ရက်နေ့မှာ မယ်ထော်သလေး ဒေသ ဘုန်းကြီး ကျောင်းကိုကျဲတယ်။ ဒီနေ့ ၂၉ ရက်နေ့မှာ မင်းလက်ပံရွာ စာသင်ကျောင်းကို ထပ်ကျဲတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မြ၀တီမြို့နယ် အတွင်းကိုလည်း အကြမ်းဖက် စစ်တပ်နှင့် BGF ပူးပေါင်းတပ်များက အင်အားအလုံးအရင်းဖြင့် မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ ထောင်နှင့် ချီသော ပြည်သူများမှာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ကူညီမှု နည်းပါးနေကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




