ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့်လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူများ သေဆုံးပြီး ရုပ်အလောင်းများစွာ ထုတ်ယူနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆဒုံးမြို့ကို လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ၊ မြစ်ကြီးနားမြို့ လေတပ်စခန်းမှ တက်လာသော တိုက်လေယာဉ်က ဆဒုံးမြို့စျေးတွင် ဗုံး ၂ လုံး၊ ယခင်ရဲစခန်းဟောင်းတွင် ဗုံး ၁ လုံးကျဲချသွားကြောင်း၊ ဗုံးကျဲချိန်မှာ ကလေးငယ်များ ကျောင်းဆင်းချိန်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ သေဆုံးသူများထဲမှ ကလေးငယ် ၂ ဦး၏ ရုပ်အလောင်း ရှာဖွေ တွေ့ရှိသေးကြောင်း သိရှိရသည်။
“ဒီနေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆဒုံးမြို့ကို လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ဗုံးကျဲ တိုက်ခိုက်ချိန်က ကလေးတွေ ကျောင်းဆင်းပြီး ပြန်လာတဲ့ အချိန်ဆိုတော့ ကျောင်းသား ကျောင်းသူတွေ အပါအဝင် ပြည်သူတွေ ထိခိုက်သေဆုံးမှုများပြားတယ်။ အရေအတွက်ကို အတည်မပြုနိုင်သေးဘူး။ သေဆုံးသူတွေထဲက ကလေးငယ် ၂ ဦး၏ ရုပ်အလောင်းတွေ့ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ကချင်ပြည်နယ်သို့ ဦးတည်၍ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လာခြင်းဖြစ်ပြီး မြေပြင်တွင်လည်း ဖားကန့်၊ ၀ိုင်းမော်တို့တွင် စစ်ကြောင်းထိုးမှုများ တိုးမြှင့်လုပ်ဆောင်လာကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




