ဒီကနေ့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်တပ်က ရုရှားပြန် မင်းအောင်လှိုင်ကို ကြိုဆိုမယ့် စစ်တပ်ထောက်ခံသူတွေကို နေပြည်တော်လာဖို့အတွက် လမ်းစရိတ်၊ ဟိုတယ်ခ အပါအဝင် နေထိုင်စား တည်းခိုခ စရိတ်ငြိမ်းနဲ့ ငွေကျပ် ၃ သောင်းပါ မုန့်ဖိုးပေးထားပြီး ခေါ်ထားတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်နီပြည်နယ်က ဒီးမော့ဆို -ဖရူဆို လမ်းပိုင်း တိုက်ပွဲတွေအတွင်း အကြမ်းဖက် စစ်တပ်ဘက်က အယောက် ၂၀ ကျော်ဟာ အသီးသီး သေကုန်ကြပြန်တဲ့အပြင် ၊ သူတို့ရဲ့ စစ်ကား ၂ စီးထက်မနည်းလည်း ပျက်ဆီးသွဦးပြီး စစ်တပ်က အထိနာနေတဲ့ကြားက ထိုးစစ်အရှိန်မြှင့်နေပြန်တယ်လို့ KNDF ဗဟိုရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ် ၊ မြ၀တီမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြန် တဲ့အတွက် စစ်ဘေးရှောင် ပြည်သူအမြောက်အများထွက်ပြေးတိမ်း ရှောင်နေရသလို သောင်ရင်းမြစ်ဘေးမှာ ဖြစ်သလို တဲထိုးနေရတာတွေပါရှိပြီး အကူညီတွေ လိုအပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
