25.6 C
Yangon

“နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်”ဟု အမည်ပြောင်းလဲထားသော စစ်အုပ်စုကို အကြမ်းဖက် အုပ်စုအဖြစ် NUG က ထပ်မံ ကြေညာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

“နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်”ဟု အမည်ပြောင်းလဲထားသော စစ်အုပ်စုကို အကြမ်းဖက် အုပ်စုအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ထပ်မံ ကြေညာလိုက်သည်။

မင်းအောင်လှိုင်ဦးဆောင်သည့် “နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ” ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ အနေဖြင့် ၂၀၂၁ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် “အကြမ်းဖက် စစ်အုပ်စု” ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ၅ ရက် နေ့တွင် “မြန်မာနိုင်ငံနှင့် ပြည်သူလူထု၏ ရန်သူ -Enemy of the State ” အဖြစ် အသီးသီး ကြေညာထုတ်ပြန်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

သို့ရာတွင် အကြမ်းဖက်စစ်အုပ်စုက ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် “နိုင်ငံတော်အုပ်ချုပ် ရေးကောင်စီ”အဖြစ်မှ “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” အဖြစ်သို့ အမည် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်သည် အကြမ်းဖက်အုပ်စု အဖြစ် ကြေညာခြင်း ခံထားရသည့် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီကို ဆက်ခံ ဆောင်ရွက်သည့် အဖွဲ့ ဖြစ်ကြောင်းနှင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်နေကြောင်း တွေ့ရှိရ သဖြင့် “နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်” နှင့် ၎င်းမှ အဆင့်ဆင့်တာဝန်ပေး ဖွဲ့စည်းလိုက်သော အဖွဲ့များအားလုံးကို“အကြမ်းဖက်အုပ်စုများ”အဖြစ်လည်းကောင်း မင်းအောင်လှိုင်အပါအဝင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် အဖွဲ့ဝင်များ အားလုံးကို “အကြမ်းဖက် သမားများ” အဖြစ်လည်းကောင်း NUG က ကြေညာသည်။

“ဒါက လုပ်ထုံးလုပ်နည်းသဘောတရားပါ။ အရင်ကအတည်းက အကြမ်းဖက်စစ်အုပ်စုအဖြစ် ကြေညာထားပြီးသား။ ဒါပေမယ့် သူတို့က နာမည်ပြောင်းသွားတော့ နာမည်ပြောင်းသွားတဲ့အပေါ်မှာ အကြမ်းဖက်အုပ်စုအဖြစ် ထပ်ပြီး အတည်ပြု ကြေညာတာပါ။ အသစ်မဟုတ်ပါဘူး။ ဒါက နိုင်ငံတကာနဲ့ ပြည်တွင်းမှာပါ လုပ်ထုံးလုပ်နည်းအရ ကြေညာတဲ့သဘောပါ” ဟု NUG ဘက်မှ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

NUG က စစ်အုပ်စုကို အကြမ်းဖက် အဖြစ်​ ကြေညာရာတွင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)နှင့်ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ ကြေညာခြင်းဖြစ်ကြောင်း၊ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မင်းအောင်လှိုင် ဦးဆောင်သော အကြမ်းဖက် စစ်အုပ်စုသည် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်သူ့အစိုးရအဖွဲ့ဝင်များ ကို မတရားဖမ်းဆီးပြီး ပြည်သူ့အာဏာ လုယူခဲ့သဖြင့် နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ခဲ့ကြောင်း NUG က ကြေညာထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article