30.2 C
Yangon

ကန့်ဘလူမြို့နယ်၊ အုန်းတောရွာ ပျူစောထီးကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီး ၂ ဦး သေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိ၊ လက်နက် ၇ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အုန်းတောရွာ ပျူစောထီးကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်နှင့် အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် ပါဝင်ခဲ့သော ရဲဘော်တချို့၏ ပြောဆိုချက်အရ သိရှိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက် ည ၁၀ နာရီဝန်းကျင်က ကန့်ဘလူမြို့နယ် ထန်းကုန်းနှင့် ဒန်းပင် ရွာကြားရှိ အုန်းတောရွာ ပျူစောထီး ကင်းစခန်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ အလစ် အငိုက်လျှပ် တပြက်ပြောက်ကျားနည်းစနစ်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။

“အုန်းတောရွာက ပျူစောထီး ခေါင်းဆောင် ဝါဿ၀ရဲ့ လူတွေ အဓိက ကြီးစိုးနေတဲ့နေရာ။ အခု သိမ်းတာက ကင်းစခန်းကို သိမ်းတာပါ။ ရွာကိုတော့ သိမ်းဖို့ အများကြီး ပြင်ဆင်ရမယ်။ နောက်ပြီး အုန်းတောရွာမှာက အမှတ် ၆၀၀၅ တင့်ကားတပ်ရင်း လည်း ရှိနေတယ်။ စုစည်းညီညွတ်မှုနဲ့ တိုက်ခိုက်ရင် အောင်နိုင်တယ်ဆိုတာ သက်သေလည်းဖြစ်တယ်။ ရှေ့လျှောက် အောင်ပွဲတွေ လာဦးမှာပါ။ ပြည်သူတွေကို စိတ်အားတက်ဖို့နဲ့ ခွန်အားနဲ့ ရှေ့ဆက်ကြမယ်ဆိုတာ ပြောချင်တယ်” ဟု တိုက်ခိုက်ရေးတွင် ပါဝင်ခဲ့သော တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည။်

ထို့အပြင် ပျူစောထီးများ ကိုင်ဆောင်အသုံးပြုသော G3 အမျိုးအစား သေနတ် ၃ လက် ၊ ကာဘိုင် အ မျိုးအစား သေနတ် ၂ လက် ပြောင်းချောသေနတ်၂ လက်နှင့် ခဲယမ်းပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး တပ်ရင်း ၊ ကန့်ဘလူခရိုင် အမှတ် ၃ (PDF) တပ်ရင်းနှင့် နယ်မြေခံ ပကဖများမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article