မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ရွာထိပ် ဝါးကျောင်းတောင်အောက်တွင် ပွိုင့်ကင်းလာထောက်သည့် အကြမ်းဖက်စစ်သားနှင့် အပေါင်းပါ ၄ ဦးတို့ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့၏ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်း အကြမ်းဖက်စစ်ကြောင်း၏ ရှေ့ပြေး ကင်းထောက်လာသည့် တပ်သား ၄ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုနှင့်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းသည် DKBA အဖွဲ့နှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့နဲ့ သူတို့ပွိုင့်ချထားတဲ့ ၄ ယောက်နဲ့ တိုးတော့ ပွိုင့်ချထားတဲ့ ၄ ယောက်တော့ အဲဒီမှာပဲ ပွဲချင်းပြီး ပစ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သေနတ်တော့ မကောက်နိုင်ခဲ့ဘူး။ ကျနော်တို့က ပြောက်ကျားကစားတာဆိုတော့ ။ သူတို့ဘက်က အင်အားများတယ်။ ၄၀ ကျော် ၅၀ ဝန်းကျင်လောက်တော့ ရှိမယ်။ တိုက်ပွဲဖြစ်တဲ့ နေရာကတော့ အာယုတောင် ရွာထိပ်ဘုန်းကြီးကျောင်း ဝါးကျောင်းထောင့်ပေါ့ အဲဒီမှာ ဖြစ်တယ်” ဟု ရေးဘီလူးတပ်ဖွဲ့၏ တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အာယုတောင် ရွာထိပ်ဝါးကျောင်းတောင်အောက်သည် အကြမ်းဖက်စစ်သားများနှင့် ရေးဘီးလူးအဖွဲ့တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည့် နေရာဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းများထိုးရာတွင် DKBA အဖွဲ့နှင့် ပူးပေါင်းကာ စစ်ကြောင်းထိုးလေ့ရှိပြီး DKBA အဖွဲ့သည် အကြမ်းဖက်စစ်အာဏာသိမ်းပြီးသည်နောက်ပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ပူးပေါင်း၍ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းဖြစ်သည်။
“DKBA ဓမ္မစကြာ ဘတ်တံဆိပ် စကစနဲ့ ပေါင်းတဲ့ကောင်နဲ့ စကစနဲ့ ပူးပေါင်းပြီးတော့ ထိုးတယ် သူတို့ဘက်က ။ ဒီ ဓမ္မစကြာ ဘတ်တံဆိပ် DKBA က စကစနဲ့ ပေါင်းနေတာ အာဏာသိမ်းပြီးကတည်းက နောက်ပိုင်းမှာ ပေါင်းပြီးတော့ သူတို့က လုပ်ဆောင်နေလဲဆိုတော့ တချို့ ကရင်ကျေးရွာတွေမှာ ဆိုလို့ရှိရင် ကရင်ဒေသကျေးရွာမှာဆိုရင် သူတို့က ပိုပြီး လမ်းကျွမ်းတယ်။ လမ်းကျွမ်းတော့ စကစက နယ်မြေရှင်းလင်းမှုတွေ ပြုလုပ်တဲ့အချိန်မှာ သူတို့ကို ပြန်ပြီးတော့ အသုံးချတယ်။ စကစက သူတို့ကို ဂိတ်တွေ လုပ်ပိုင်ခွင့်တွေ၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အခွန် အကောက်တွေ ကောက်ဖို့အတွက် လုပ်ပိုင်ခွင့်တွေ စကစက ပြန်ပေးတယ်။ ဒီကောင်တွေကတော့ ကျွန်ခံနေတာပေါ့ စကစ မှာ” ဟု ရေးဘီးလူးတပ်ဖွဲ့ တပ်ရင်းမှူးက ပြောဆိုသည်။
ရေးဘီးလူးအဖွဲ့၏ ရှင်းလင်းခံလိုက်ရသည့် အကြမ်းဖက်စစ်တပ်ဘက်မှ ပွိုင့်ထောက်သူ ၄ ဦးတွင် အကြမ်းဖက်စစ်သားများအပြင် DKBA တပ်ဖွဲ့ဝင်များလည်း ပါဝင်နိုင်ကြောင်း ရေးဘီလူးအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
