30.2 C
Yangon

ပေါက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y-12 လေယာဉ်ဖြင့် ဗုံး ၄၆ လုံးကျဲချ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

မကွေးတိုင်း၊ ပေါက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Y-12 လေယာဉ်ဖြင့် ဗုံး ၄၆ လုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂ ရက်နေ့ နံနက် ၇ နာရီမှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ် ၁ စီးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကို ဗုံး ၄၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၇ နာရီကနေစပြီး စစ်ခွေးတွေက Y-12 လေယာဉ်နဲ့ ပေါက်မြို့နယ် အနောက်ခြမ်းကို ကျဲချ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူတွေကတော့ ဘေးလွတ်ရာထွက်ပြေးနေရတဲ့ အတွက် ထိခိုက်မှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း ပေါက်မြို့နယ် အနောက်ခြမ်းရှိ မြေနီမြောက်စုရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း၊ ထို့ပြင် ပေါက်မြို့နယ်တွင် မြေပြင်မှ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်သားများကလည်း စက်တင်ဘာလ ၂၄ ရက်နေ့တွင် ပေါက်မြို့နယ်၊ ပလောင်းရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာနေပြည်သူ ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပေါက်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ မြေပြင် စစ်ကြောင်းများကလည်း ကျေးရွာများကို ဝင်ရောက်စီးနင်းနေခြင်းကြောင့် ပြည်သူများ အနေဖြင့် သတိပြုနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article