30.2 C
Yangon

ကြံ့ဖွတ်ပါတီသို့ မင်းအောင်လှိုင် စေလွှတ်သည့် စစ်ဗိုလ်ချုပ်များအတွက် ရွေးကောက်ပွဲဝင်မည့် ကုန်ကျစရိတ်နှင့် မဲဆွယ်စည်းရုံးရေးစရိတ်များ အပြီးအစီး ယူဆောင်လာဟုဆို၊ ပါတီရေးရာ စီမံခန့်ခွဲမှုကိစ္စများ ဗဟိုကော်မတီဝင်အဆင့်ပင် သိခွင့်မရှိတော့

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ကြံ့ဖွတ်ပါတီသို့ မင်းအောင်လှိုင် စေလွှတ်သည့် စစ်ဗိုလ်ချုပ်ကြီးများအတွက် ရွေးကောက်ပွဲဝင်မည့် ကုန်ကျစရိတ်နှင့် မဲဆွယ်စည်းရုံးရေးစရိတ်များ အပြီးအစီး ယူဆောင်လာသည်ဟု သိရှိထားကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်မှ လက်ရှိ တာဝန်ထမ်းဆောင်နေသော ညိုစော၊ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦး ဖြစ်ကြသည့် စစ်တပ် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း (OTS-66) ၊ အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး တေဇကျော် (DSA – 28)၊ အမှတ် ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး သက်ပုံ (DSA – 29)၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဖုန်းမြတ် (OTS 73)၊ စစ်ရာထူးခန့်ချုပ် ဒု ဗိုလ်ချုပ်ကြီး လင်းအောင် (DSA 26)၊ တပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) ဒု ဗိုလ်ချုပ်ကြီး စိုးတင့်နိုင် (DSA-31) တို့ အပါအဝင် မင်းအောင်လှိုင် စေလွှတ်လိုက်သော စစ်တပ်အရာရှိများ၊ ဌာနဆိုင်ရာ အရာရှိများမှာ ကြံ့ဖွတ်ပါတီမှ တစ်ဆင့် ရွေးကောက်ပွဲဝင်ကြမည်ဖြစ်ကြောင်း၊ ထိုသို့ ရွေးကောက်ပွဲဝင်ရာတွင် ၎င်းတို့ ရွေးကောက့်ပွဲဝင်မည့် ကုန်ကျစရိတ်များနှင့် မဲဆွယ်စည်းရုံးစရိတ်များကို တစ်ပါတည်း ယူဆောင်လာပြီး ကြံ့ဖွတ်ပါတီက မည်သည့် ကုန်ကျမှုမှ ထပ်မံ စိုက်စရာမလိုကြောင်း သိရှိရသည်။

“တပ်က လာတဲ့ ကိုယ်စားလှယ်လောင်းတွေက မဲဆွယ်စည်းရုံးစရိတ်ကစလို့ ကိုယ်စားလှယ်လောင်းစရိတ်အကုန်လုံး တစ်ပါတည်း ယူလာတယ်လို့ သိရတယ်။ ပါတီဘက်က ဘာမှ စိုက်ထုတ်စရာမလိုဘူးလို့ သိရတယ်။ လူတွေရော ၊ ငွေကြေးတွေရော တစ်ပါတည်း ပါတာ။ နောက်ပြီး သူတို့ရုံးအဖွဲ့တွေနဲ့ သူတို့ လာကြတာ။ ပါတီဘက်က ဘာမှ စီစဉ်ပေးစရာမလိုဘူး။ ဥပမာဆိုရင် ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဆိုရင် ရွေးကောက်ပွဲဝင်ဖို့အတွက် သူရဲ့ ကိုယ်ရေးအရာရှိအဖွဲ့နဲ့ ရုံးအဖွဲ့က ပါတီကိုလာပြီး ကိုယ်ရေးအကျဉ်းဖြည့်တာ၊ လိုအပ်တဲ့ စာရွက် စာတမ်း လာတင်တာတွေ လုပ်တယ်။ သူတို့လူကြီးလာရင် ရုံးထိုင်မယ့် နေရာအခန်းကစအစ ပါတီဌာနချုပ်မှာ လာကြည့်ပြီး စီစဉ်တယ်” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိ ကြံ့ခိုင်ရေးပါတီတွင် အမတ်လောင်းများ ရွေးချယ်မှုနှင့်ပတ်သက်၍ လည်းကောင်း၊ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာနိုင်သော အခင်းအကျင်းများနှင့်ပတ်သက်ပြီး မင်းအောင်လှိုင်ကပင် အစစအရာရာ စီစဉ်ညွှန်ကြားနေပြီး ပါတီဥက္ကဋ္ဌ ခင်ရီ၊ ဗဟိုအလုပ်အမှုဆောင်နှင့် မင်းအောင်တို့အကြား တိုက်ရိုက် ညွှန်ကြားမှု ခံယူ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ပါတီက တပ်ချုပ်ရဲ့ ညွှန်ကြားမှု ခံယူလုပ်နေတယ်လို့ ဒီလိုပဲ ပြောလို့ရပါတယ်။ ဗဟိုကော်မတီဝင်အဆင့်တောင်မှ သိခွင့်မရှိတော့ဘူး။ တချို့ကိစ္စတွေက ဥက္ကဋ္ဌ၊ CEC နဲ့ တပ်ချုပ်အကြားမှာ တိုက်ရိုက်လုပ်နေကြတာ ” ဟု ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကြံ့ဖွတ်ပါတီသို့ ဗိုလ်ချုပ်ကြီးအဆင့်မှ အောက်ခြေအဆင့်အထိ စစ်အရာရှိများ၊ ရုံးအုပ်နှင့် တပ်ကြပ်ကြီးစာရေးများပါမကျန် စုစုပေါင်းအင်အား ၄၈၉ ဦး ပြောင်းရွှေ့လာကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article