31.6 C
Yangon

မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတော်သို့ မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်၍ တက်မည့်သူများ၏ ကိုယ်ရေးအကျဉ်း၊ နောက်ကြောင်းရာဇဝင်များ စိစစ်ပြီး လုံခြုံရေးအထူးတင်းကျပ်ကာ Drone Guard နှင့် Jammer အများအပြား ချထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတော်သို့ အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်မည်ဖြစ်၍ တက်မည့်ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မန္တလေးမြို့ခံများ၏ ကိုယ်ရေးအကျဉ်း၊ နောက်ကြောင်းရာဇဝင်များကို စစ်တပ်က အထူး စိစစ်ပြီး လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း မန္တလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမအသိုင်းအ၀ိုင်းက ပြောဆိုသည်။

မနက်ဖြန် အောက်တိုဘာလ ၄ ရက်နေ့တွင် မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် ၇၃ လမ်းပေါ်ရှိ မန္တလေးတက္ကသိုလ်တွင် ရာပြည့် အခမ်းအနား ဖွင့်ပွဲနှင့် ဆက်စပ်အခမ်းအနားကို ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတော်သို့ မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှတို့က လာရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ထိုအခမ်းအနားတက်ရောက်မည့် သူအားလုံး၏ ကိုယ်ရေးအကျဉ်းများကို စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့က စိစစ်ပြီး CDM ဝန်ထမ်းများနှင့်အမျိုးတော်သူများ၊ ဆွေမျိုးတွင် နိုင်ငံရေးအမှုဖြင့် ထောင်ကျထားသူများရှိပါက တက်ရောက်ခွင့်မပြုကြောင်း သိရှိရသည်။

“ကိုယ်ရေးအကျဉ်းတင်ပေးရတယ်။ အဲဒီမှာ အမျိုးထဲမှာ CDM ဝန်ထမ်းရှိတာ၊ နိုင်ငံရေးအမှုနဲ့ ထောင်ကျတာရှိရင် ပေးမတက်ဘူး။ အခုထက်ထိတော့ သိထားတာက တပ်ထိပ်ဆုံးကပုဂ္ဂိုလ်( မင်းအောင်လှိုင်) လာတက်မယ်၊ ဖွင့်ပွဲ လုပ်မယ်လို့ပဲ သိထားပါတယ်။ တကယ် တက်၊ မတက်ကတော့ မနက်ဖြန်စောင့်ကြည့်ပေါ့။ ပြီးတော့ ဖုန်းတွေလည်း စစ်တယ်။ ရာပြည့်ပွဲထဲကို ဖုန်းတောင် ပေးသယ်ပါ့မလားမသိဘူး” ဟု မန္တလေးတက္ကသိုလ်မှ နည်းပြဆရာတစ်ဦးကပြောဆိုသည်။

ထို့ပြင် မန္တလေး တက္ကသိုလ် ပတ်ဝန်းကျင်တွင် Drone Jammer များ၊ Drone Guards များကိုလည်း ချထားပြီး ဆက်သွယ်ရေးဖြတ်တောက်စက်များတင်ဆောင်ထားသော ကားများကိုလည်း မန္တလေးမြို့တွင် လှည့်လည်မည်ဖြစ်ကြောင်း၊ မင်းအောင်လှိုင် တက်ရောက်ချိန်တွင် ဒရုန်းဖြင့် လာရောက် ဗုံးကျဲမည်ကို စစ်တပ်က စိုးရိမ်သဖြင့် ဆက်သွယ်ရေးဖြတ်တောက်စက်များစွာ ချထားခြင်းဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတက္ကသိုလ်သည် ၁၉၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်တွင် မန္တလေး ဥပစာ ကောလိပ်ကို စတင်ဖွင့်လှစ်ခဲ့သဖြင့် နှစ် ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – အောက်တိုဘာလ ၂ ရက်နေ့ ပြင်ဦးလွင်ရောက်နေသော အကြမ်းဖက် မင်းအောင်လှိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အောက်တိုဘာလ ၂ ရက်နေ့ ပြင်ဦးလွင်ရောက်နေသော အကြမ်းဖက် မင်းအောင်လှိုင်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article