31.6 C
Yangon

ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာအနီး ကျောက်တူးဖော်ရေးလုပ်ကွက်အတွင်းရှိ စက်ယန္တရားများကို စစ်တပ်က မီးဝင်ရှို့နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက်အတွင်းရှိ စက်ယန္တရား ဘက်ဟိုးများကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးနေကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ အောက်တိုဘာလ ၃ ရက် နံနက် ၆ နာရီခန့်အချိန်ကတည်းက ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာ အနီးရှိ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီတစ်ခုမှ ဘက်ဟိုးစက်ကြီးများက အကြမ်းဖက်စစ်ကောင်စီ တပ်သားများက စတင်မီးရှို့ခဲ့ရာ မီးမှာ နံနက် ၈ နာရီကျော်မှ လောင်ကျွမ်းနေခြင်းဖြစ်ကြောင်း၊ စက် တင်ဘာလ ၂၃ ရက်နေ့ကလည်း စက်ယန္တရား ဘက်ဟိုး ၄၈ စီးကို စစ်တပ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“မီးရှို့နေတာက မနက် ၆ နာရီလောက်ကတည်း ရှို့နေတာ၊ ၈ နာရီကျော်မှ မီးကလောင်တယ်။ ဆန်းကြွယ်ရွာ သိမ်းခံရတုန်းက ၄၈ စီးအရှို့ခံရတယ်။ အခုမီးရှို့ခံရတဲ့ အစီးရေက မသိရသေးဘူး။ ညောင်ပင်ကုန်းအတက်နားက ကုမ္ပဏီတွေဖြစ်ဖို့များတယ်။ ဘတ်ဟိုးတစ်စီးကို အကြမ်းဖျင်း သိန်း တစ်ထောင် ကျော်တန်ကြေးရှိတယ်။ ဆုံးရှုံးမှုဘယ်လောက်များမလဲ တွက်သာကြည့်တော့” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယခုရက်ပိုင်းအတွင်း ဖားကန့်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်နေသော်လည်း အကြမ်း ဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုနေ့စဉ်လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် ဂရုစိုက်နေထိုင်ပေးကြရန်လိုအပ် ကြောင်း ဖားကန့်သတင်းရင်းမြစ်က တိုက်တွန်းပြောဆိုထားသည်။

ဖားကန့်မြို့နယ်တွင် မေလနှောင်းပိုင်းမှစတင်၍ စစ်တပ်က စစ်ကြောင်းများစွာဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၉၀ နီးပါး သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ စစ်တပ်က ဖားကန့်တစ်မြို့နယ်လုံးကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်တစ်ခုလုံးတွင် စစ်ကြောင်းများခွဲ၍ နယ်မြေရှင်းလင်းခြင်း၊ အထိုင်ချစခန်းများ လုပ်ဆောင်လာကြောင်း ဖားကန့်ဒေသခံများထံမှ သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article