ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကံဦးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၊ ကံဦးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကျေးရွာနေ အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးသွားကြောင်း သိရှိရသည်။
“၃၀ ရက်နေ့မှာ စစ်ခွေးတွေက ကံဦးကျေးရွာကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာပါ။ ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရပြီး နေအိမ် ၂ လုံးလည်း ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ စက်တင်ဘာလ ၂၈ ရက်နေ့ကလည်း ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းတွင် တပ်စွဲထားသော စစ်သားများက ဥယျာဉ်ကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်တွင် စာကျက်နေသည့် အသက် ၁၈ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်အိုင်စတိုင်း ပွဲချင်းပြီး သေဆုံးခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar






