ဒီကနေ့ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတော်ကို အကြမ်းဖက် မင်းအောင်လှိုင် တက်ရောက်မှာဖြစ်တဲ့အတွက် အဲ့ဒီ့ကိုလာမယ့် သူတွေရဲ့ ကိုယ်ရေးအကျဉ်း၊ နောက်ကြောင်းရာဇဝင်တွေ စိစစ်ပြီး လုံခြုံရေးအထူးတင်းကျပ် ရုံတင်မကDrone Guard နဲ့ Jammer တွေပါ အများအပြား ချထားပြန်တယ်လို့ မန္တလေးတက္ကသိုလ် ဆရာ ဆရာမ အသိုင်းအဝိုင်းက ပြောပါတယ်။
- မကွေးတိုင်း၊ ငဖဲမြို့နယ်က အကြမ်းဖက် စစ်တပ်ရဲ့ နတ်ရေကန်စခန်းကုန်း ဝန်းကျင်က တိုက်ပွဲတွေ အတွင်းကနေ ထွက်ပြေးလာတဲ့ကြတဲ့ စစ်သား ၂၇ ဦးကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားပြန် တယ်လို့ People’s Revolution Alliance ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း အုတ်ဖိုမြို့နယ်က ကြို့ကိုးပင် ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို တောလှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က ၇ ဦးကတော့ အသီးသီး သေကုန်ကြပြီးနောက် စစ်တပ်စစ်ကြောင်းဟာ ပြန်ဆုတ်သွားကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်း တွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
