31.9 C
Yangon

စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်၂ ဦးကို စစ်တပ်က ဖမ်းဆီးထားပြီး အင်စိန်ထောင်တွင် မတရားပုဒ်မများစွာဖြင့် ချုပ်နှောင် တရားစွဲထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ရန်ကုန်မြို့၊ လူထုလှုပ်ရှားမှုသပိတ်များတွင် ပြည်သူများနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေသော စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ ရဲဘော်၂ ဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီး၍ အင်းစိန်ထောင်တွင် ဖမ်းဆီးထားကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖမ်းဆီးခံရသူများမှာ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၏ အဖွဲ့ဝင်များ ဖြစ်သည့် ကိုဟိန်းနိုင်ဇော် ခေါ် အိုမီ နှင့် မသိမ့်သီရိဝေ ခေါ် မမြရင် တို့ဖြစ်ကြောင်း၊ ၂၀၂၅ခုနှစ် ဇွန်လ ၃ ရက်နေ့တွင်မြေပြင်ကိစ္စသွားလာရင်း အဆက်အသွယ်ပြတ်တောက်ကာ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းအချိန်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ဖမ်းဆီးခံရတာကတော့ ၆ လပိုင်းကတည်းက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။ တခြားအဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအခြေအနေကြောင့် ချက်ချင်းမထုတ်ပြန်နိုင်လိုက်ဘူး။ လက်ရှိဖမ်းဆီးခံရတဲ့ ရဲဘော်တွေကတော့ အင်းစိန်ထောင် ရောက်နေပြီလို့ သိရပါတယ်။ လတ်တလော ဖမ်းဆီးခံရတဲ့ ပုဒ်မကတော့ သူတို့သုံးနေကျ မတရားပုဒ်မတွေဖြစ်တဲ့ ၅၀၅ က တွေနဲ့ ။ အဲဒီပုဒ်မတွေ တပ်ပြီး ဖမ်းဆီးခံထားရတယ်လို့ ကျွန်တော်တို့ သိရပါတယ်”ဟု စမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မတရား ဖမ်းဆီးခံရသူ ရဲဘော်နှစ်ဦးသည် မြန်မာပြည်တွင် ဆိတ်သုဥ်းနေသည့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် အပါအဝင် လူ့အခွင့်အရေး၊ တန်းတူညီမျှရေး နှင့် ဒီမိုကရေစီအရေးတို့ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ လူထုတိုက်ပွဲနည်းလမ်းဖြင့် ပြည်သူလူထုနှင့်တစ်သားတည်း ရပ်တည်ခဲ့ကြသူများဖြစ်ကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ လူငယ်တွေ မြို့ပြမှာ ရှိနေတာဟာ ပြည်သူနဲ့ တစ်သားတည်းရှိနေတယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီကာလတစ်ခုလုံးမှာ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ များစွာ ဖမ်းဆီးခံရ၊ နှိပ်စက်ခံရ၊ ထောင်ကျခံရတဲ့ ကိစ္စတွေ ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း အဖွဲ့အနေနှင့်လည်း ရှေ့လျှောက်ပြီးတော့ ပိုပြီးတော့ အလုပ်လုပ်တွေ လုပ်သွားမှာပါ။ ရနိုင်တဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းမျိုးစုံနဲ့ မြို့ပြမှာ ဆက်လက်ပြီးတော့ တော်လှန်တိုက်ပွဲဝင်နေမှာ ဖြစ်ပါတယ်”ဟုစမ်းချောင်းပင်မသပိတ်စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယခုနောက်ပိုင်းတွင် စစ်တပ်က သပိတ်အဖွဲ့ဝင်များ၊ တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးရာတွင် ယခင်ကကဲ့သို့ သတင်းထုတ်ပြန်ခြင်းမရှိတော့ဘဲ အဆက်အသွယ် အချိတ်အဆက်များ ရယူကာ ဟန်ဆောင် ဆက်သွယ်၍ ထောင်ချောက်ဆင် ဖမ်းဆီးမှုများ လုပ်ဆောင်လာကြောင်း၊ ထို့ကြောင့် စစ်တပ်၏ ပြောင်းလဲသွားသော ဖမ်းဆီးရေးဗျူဟာများကို တော်လှန်ရေးရဲဘော်များနှင့် သပိတ်အဖွဲ့ဝင်များ သတိထားသင့်ကြောင်း တော်လှန်ရေးရဲဘော်တချို့က သတိပေးပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article