31 C
Yangon

ညောင်လေးပင်ခရိုင်နှင့် မြ၀တီမြို့နယ်တို့တွင် စစ်တပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်၊ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်နှင့် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ၊ စာ သင်ကျောင်းနှင့် ဘုန်းကြီးကျောင်းများ ပျက်စီးသွားကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်နှင့် KNU ၏ သတင်းထုတ်ပြန်ချက် အရသိရှိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် စစ်တပ်က ရွှေ့ကျင်မြို့နယ်၊ ၀ိုင်ကျေးရွာအတွင်းသို့ Y-12 လေယာဉ်များဖြင့် ဗုံးကျဲပစ်ခတ်ခဲ့ရာ အဆိုပါကျေးရွာနေ အသက် ၅၂ နစ်အရွယ် ဒေါ်တင်တင်ဝင်း သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အရွယ် မသိမ့်ညသွယ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်းလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၂၄ ရက်နေ့ ည ၉ နာရီအချိန် မူးမြို့နယ်၊ ပရဲစီကျေးရွာအတွင်းသို့ စစ်တပ်က ၈၁ မမ လက်နက်ကြီး ၁ လုံးပစ်ခတ်ခဲ့ရာ စစ်ဘေးရှောင်နေသော ရေလဲကျေးရွာမှ အသက် ၄၃ နှစ်အရွယ် နော်မာလု၊ အသက် ၁၃ နှစ်အရွယ် နော်ကပြူစေးတို့ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရည်။

ထို့ပြင် ယမန်နေ့ ည ၁၂ နာရီဝန်းကျင်အချိန် စစ်တပ်က ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ပြည်သူများ ထိခိုက်မှုမရှိဘဲ နေအိမ်နှင့် ဆေးခန်း ထိခိုက်ပျက်စီးမှုရှိကြောင်း သိရှိရသည်။

“မင်းလက်ပံ၊ မယ်ထော်သလေး ဘက်တွေမှာ တောက်လျှောက် လေယာဉ်နဲ့ ဗုံးကျဲတယ်။ ဒရုန်းနဲ့ ဗုံးကျဲတယ်။ အတော်များများက စစ်ဘေးရှောင်နေကြတော့ ထိခိုက်မှု နည်းပါတယ်။ လူထိခိုက်မှုက မရှိသလောက်ပဲ။ ပြည်သူတွေကိုလည်း စစ်ဘေးရှောင်ဖို့ KNU ဘက်က တရားဝင်ပြောထားတော့ အားလုံး ရှောင်ကြတယ်” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

စက်တင်ဘာလအတွင်း စစ်တပ်က မြဝတီမြို့ပြင်ရှိ မင်းလက်ပံရွာ၊ ဖလူးရွာနှင့် မယ်ထော်သလေး ဒေသတို့ကို အသေခံ ဒရုန်းများဖြင့် နေ့စဉ် ရက် ဆက်ဆိုသလို ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article