27.5 C
Yangon

စစ်မှုထမ်း အပတ်စဉ် ၁၄ တစ်ခုတည်းမှ တပ်သားသစ် ၅၀၀ ကျော် ရှေ့တန်း စစ်မြေပြင်များတွင် သေဆုံးပြီး ၂၀၀ ကျော် ဆေးကုသမှု ခံယူနေရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

အကြမ်းဖက်စစ်တပ်က လစဉ် ခေါ်ယူလျက်ရှိသော စစ်မှုထမ်းတပ်သားများအနက် စစ်မှုထမ်း အပတ်စဉ် ၁၄ မှ တပ်သားသစ် ၅၀၀ ကျော်မှာ ကချင်နှင့် ရခိုင် အပါအဝင် ရှေ့တန်းစစ်မြေပြင်တွင် သေဆုံးသွားခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်နှင့် သေဆုံးဒဏ်ရာရရှိထားသော အပတ်စဉ် ၁၄ မှ စစ်မှုတပ် သားသစ်များ၏ ကျန်ရစ်သူ မိသားစုများထံမှ သိရှိရသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ သင်တန်းဆင်းခဲ့သော စစ်မှုထမ်း တပ်သားသစ်များကို ရှမ်းမြောက်၊ ကချင်၊ ကရင်၊ ကရင်နီနှင့် ရခိုင်ရှေ့တန်း စစ်မြေပြင်များသို့ အဓိက စေလွှတ်ခဲ့ရာ ယင်းသို့ စေလွှတ်ခံရသော စစ်မှုထမ်းတပ်သားများအနက်မှ တပ်သား ၅၀၀ ကျော်မှာ သေဆုံးသွားခဲ့ပြီး ၂၀၀ ကျော်မှာလည်း ဒဏ်ရာများ ရရှိသဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

” အပတ်စဉ် ၁၄ က သေဆုံးနဲ့ ပျောက်ဆုံး စာရင်း ၅၀၀ ကျော် တက်တယ်။ မြ၀တီမြို့နယ် အာရှလမ်းနှင့် ကော့ကရိတ်ဂွင်၊ ကယားပြည်နယ် ဒီးမော့ဆို၊ ရှမ်းမြောက် ကျောက်မဲ၊ ကချင် ဗန်းမော်နဲ့ မကွေး-ရခိုင်အစပ် ငဖဲမြို့နယ်ထဲက ထိတွေ့မှုတွေမှာ သေဆုံးနဲ့ ပျောက်ဆုံးစာရင်း ၅၀၀ ကျော်တာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ရှေ့တန်းစစ်မြေပြင်တွင် ဒဏ်ရာရရှိခဲ့သော အပတ်စဉ် ၁၄ မှ စစ်မှုထမ်းတပ်သား ၂၀၀ ကျော်မှာ စစ်ဆေးရုံများတွင် ဆေးကုသနေပြီး ဒဏ်ရာရရှိသော တပ်သားများမှာ သက်ဆိုင်ရာ မိဘများနှင့် ဆက်သွယ်ခွင့်ရရှိကြောင်း၊ သို့ရာတွင် မိဘဆွေမျိုးများကို စစ် ဆေးရုံသို့ လာရောက်ခွင့်မပြုကြောင်း သိရှိရသည်။

ကယားပြည်နယ်၊ ဒီးမော့ဆို တိုက်ပွဲတွင် ဒဏ်ရာရရှိပြီး လွိုင်ကော်မြို့ စစ်ဆေးရုံတွင် တက်ရောက်ဆေးကုသနေသော စစ်မှုထမ်းအပတ်စဉ် ၁၄ မှ တပ်သားသစ် တစ်ဦးကလည်း အပတ်စဉ် ၁၄ မှ တပ်သားသစ် အများစုမှာ ရှေ့တန်းစစ်မြေပြင်သို့ စေလွှတ်ခံခဲ့ရပြီး သေဆုံးသူ အများအပြားရှိနေသည်ဟု ၎င်း၏မိဘများထံသို့ အသိပေးအကြောင်းလာကြောင်း သိရှိရသည်။

“ကျနော့်သားက လှည်းကူးရဲမွန်စစ်သင်တန်းကျောင်းမှာ အပတ်စဉ် ၁၄ ဆင်းတယ်။ ကယားဘက်ကို စေလွှတ်ခံရတယ်။ ဒီးမော့ဆို-ဖရူဆိုဘက်မှာ ဒဏ်ရာရတယ်။ လွိုင်ကော် စစ်ဆေးရုံရောက်နေပြီ။ ကချင်ပြည်နယ်ကိုအပို့ခံရတဲ့ အပတ်စဉ် ၁၄ သင်တန်း ဆင်းတွေ သေတာများတယ်လို့ ပြောတယ်။ လှည်းကူးရဲမွန်စစ်သင်တန်းကျောင်းကဆင်းတဲ့ အပတ်စဉ် ၁၄ အတော်များများက ကချင်နဲ့ကယားဘက်ကို အပို့ခံရတယ်။ သားကိုလည်း ဆေးရုံက ဆင်းရင် သက်သာရင် ရှေ့တန်းပြန်သွားရမယ်လို့ သူ့အထက်အရာရှိက ပြောတယ်။ ကျနော်တို့ကို လူကိုယ်တိုင် သွားကြည့်ခွင့်မပြုဘူး။ ဖုန်းပြောရတယ်၊ Video Call ပြောလို့ရတယ်” ဟု အပတ်စဉ် ၁၄ မှ ဒဏ်ရာရ စစ်မှုထမ်းတပ်သားသစ်၏ ဖခင်ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က ဒဏ်ရာရရှိသော စစ်မှုထမ်းတပ်သားများအနက်မှ ခြေလက်အင်္ဂါ ဆုံးရှုံးသူများ၊ မသန်စွမ်းဖြစ်သွားသူများကိုသာ စစ်သားအဖြစ် ပြန်လည် မဆင့်ခေါ်တော့ကြောင်း၊ သို့ရာတွင် တိုက်ပွဲအတွင်း ပြင်ပဒဏ်ရာသာရရှိသော ခြေလက်အင်္ဂါ အကောင်း ပကတိရှိနေသော စစ်မှုထမ်းတပ်သားသစ်များကို ဆေးရုံမှဆင်း၍ ပြန်လည် သက်သာလာလျှင် ရှေ့တန်းသို့ ပြန်လည် ပို့ဆောင်မည်ဟု စစ်ဆေးရုံတွင် ပင် အသိပေးကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်က ၂၀၂၄ ခုနှစ် မေလမှစတင်၍ စစ်မှုထမ်းအပတ်စဉ်များကို စတင်ဖွင့်လှစ်ခဲ့ပြီး လစဉ် လူငယ် ၅၀၀၀ ကို စစ်သားအဖြစ် စုဆောင်းလာခဲ့ရာ ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၈ သို့ ရောက်ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ- ရှေ့တန်းစစ်မြေပြင်တွင် သေဆုံးသွားသော စစ်သားများ၏ နာရေးကို တပ်တွင်း ပြင်ဆင်ထားမှု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)ရန်ကုန်၊ အောက်တိုဘာ ၄

ဓာတ်ပုံ- ရှေ့တန်းစစ်မြေပြင်တွင် သေဆုံးသွားသော စစ်သားများ၏ နာရေးကို တပ်တွင်း ပြင်ဆင်ထားမှု။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article