30.4 C
Yangon

မုံရွာမြို့နယ်တွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသော ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော်လှန်ရေးတပ်များက ပစ်ခတ်မှု ရဲ ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ပြည်သူများထံမှ ဆက်ကြေးကောက်နေသော ရဲအရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ လိုက်ပါလာသော ကားကို တော် လှန်ရေးတပ်များက ပစ်ခတ်မှု ရဲ ၄ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း အဆိုပါ မစ်ရှင်တွင် ပါဝင်ခဲ့သော တော်လှန်ရေးရဲဘော် ကိုထွန်းက ပြောဆိုသည်။

အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်း မုံရွာမြို့နယ်၊ သာစည်လမ်းနှင့် အက်တောအ၀ိုင်းပတ်တွင် ပြည်သူများထံမှ ငွေကြေးနှင့်ပါလာသော ပစ္စည်းများ အတင်းအဓမ္မဆက်ကြေးကောက်ခံနေသော ရဲ အရာရှိ ၃ ဦးနှင့် ရဲတပ်သား ၁ ဦးလိုက်ပါသော အိမ်စီးကားကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ အပြန်အလှန် တိုက်ခိုက်မှုအတွင်း ရဲ ၄ ဦးစလုံး သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်များ အထိအခိုက်မရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသူ ရဲ ၄ ဦးအနက်မှ ၁ ဦးမှာ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးနယ်မြေရဲစခန်းမှ ရဲတပ်ကြပ် သိန်းဇော်ဖြစ်ကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများမှာ BA.63 (ခေါ်) G3 ၂ လက်၊၉မမ ပစ္စတို ၁ လက်တို့ဖြစ်ပြီး လိုက်ပါစီးနင်းလာသော အိမ်စီးကားမှာလည်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြောင်း သိရှိရသည်။

အဆိုပါ မစ်ရှင်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(မုံရွာမြို့နယ်-ပလဖ) နှင့် ကျောင်းသားတပ်တော် (SAF)၊မုံရွာခရိုင်တပ်ရင်း ၂ – ခွဲ ၃ ရွာဇော်ကြီးတော်လှန်သံ၊ Budalin Mobile Team တို့က အတူပူး‌ပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article