30.4 C
Yangon

သီတင်းကျွတ်လပြည့်နေ့တွင် စစ်တပ်က နမ္မတူနှင့် သီပေါမြို့တို့ကို ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကျဲသောကြောင့် နေအိမ်အများအပြား ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ ယနေ့ ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့တွင် စစ်တပ်က နမ္မတူမြို့နှင့် သီပေါမြို့တို့ကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် နေအိမ်အများအပြား ပျက်စီးသွားကြောင်း TNLA ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယနေ့ အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၇ နာရီ ၄၃ မိနစ်အချိန် စစ်တပ်က နမ္မတူမြို မြိုမဈေးရပ် ရပ်ကွက် ၂ ကို တိုက် လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် နမ္မတူမြိုရှိ နေအိမ် ၆ လုံးလည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ ဗုံးကျဲချမှုကြောင့် ပျက်စီးမှု ပမာဏဧရိယာကြီးမားသော်လည်း သေဆုံးသူမရှိကြောင်း သိရှိရသည်။

“ဂျက်နဲ့ ပစ်ချသွားတာ ပေါင် ၅၀၀ ဗုံးလို့ ပြောတယ်။ အိမ်တွေကို တစစီဖြစ်သွားတယ်။ ကားတွေလည်း ထိတာ။ လူအသေအပျောက်တော့ မကြားမိသေးဘူး။ ပျက်စီးမှု ကြီးပေမယ့် လူအသေအပျောက်မရှိတာ ကံကောင်းတယ်ပြောရမယ်” ဟု နမ္မတူမှ ဒေသပြည်သူတစ်ဦးက လူမှုကွန်ရက် မက်ဆင်ဂျာမှ တစ်ဆင့် ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ယနေ့ နံနက် ၇ နာရီ ၃၈ မိနစ်အချိန်တွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲချသွားခဲ့ကြောင်း ဒေသပြည်သူများနှင့် အဆက်အသွယ်ရှိသော သတင်းရင်းမြစ်က သိရှိရသည်။

“သီပေါကို ကျဲချသွားတာက ဆက်သွယ်ရေးရုံးဘေးက ထွေအုပ် ဝန်ထမ်းအိမ်ရာ သုံးထပ်အဆောက်အဦးနာကို ဗုံးကျဲတာလို့ပြောတယ်။ လူအထိအခိုက်တော့ မကြားမိသေးဘူး” ဟု သီပေါမြို့မှ ပြည်သူများနှင့် အဆက်သွယ်ရှိနေသော သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တပ်က အောက်တိုဘာလ(၂)ရက်နေ့တွင်လည်း နမ္မတူမြိုတွင် ဗုံးကြဲချတိုက်ခိုက်မှု‌ကြောင့် ပြည်သူ လူထု ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ၊ စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲတို့က တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက်နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော် လည်း အပြစ်မဲ့ပြည်သူလူထုများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေလျက်ရှိကြောင်း TNLA က သတင်းထုတ်ပြန် သတိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article