31 C
Yangon

ဝမ်းတွင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် လူငယ် ၅ ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

မန္တလေးတိုင်း ၊ ဝမ်းတွင်းမြို့နယ် ကျေးရွာ ၄ ရွာသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး လူငယ် ၅ ဦးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း Voice Of Wundwin မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် ဝမ်းတွင်းမြို့နယ် အတွင်းရှိ ခံဘဲ့ရွာ၊ ရွာသစ်ရွာ၊ တောင်ဆည်ရွာနှင့် အိုမတွေ့ရွာတို့ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်း ဖက် စစ်တပ်က ခံဘဲ့ရွာမှ လူငယ် ၂ ဦး၊ ရွာသစ်ရွာမှ လူငယ် ၂ ဦး၊ တောင်ဆည်ရွာမှ လူငယ် ၁ ဦးနှင့် အိုမတွေ့မှ လူတချို့တို့ကို ဝင်ရောက် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း၊ ဖမ်းဆီးရာတွင် လိုက်ထရပ်ကား ၁ စီးကို ချောဆွဲကာ ပြည်သူများကို ခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အဲဘက်က ရွာတွေမှာက စစ်မှုထမ်းကြေးကောက်တာတော့မရှိဘူး။ စစ်ခွေးတွေက လိုင်းကြေးကောက်တာပဲရှိတယ်။ ဒီနေ့တော့ စစ်ခွေးတွေက အဲရွာ ၄ ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာ ဖမ်းဆီးသွားတဲ့ သူတွေကိုတော့ ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတာ မသိရသေးဘူး” ဟု Voice Of Wundwin မှ တာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ယခု အောက်တိုဘာလ ၁၅ ရက်နေ့ ဖွင့်လှစ်မည့် စစ်မှုထမ်း အပတ်စဉ် ၁၈ အတွက် ဝမ်းတွင်းမြို့ပေါ်နှင့် ကျေးရွာများတွင် လူငယ်များကို ပုံစံမျိုးစုံဖြင့် ရှာဖွေ ဖမ်းဆီး ပေါ်တာဆွဲလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရန်ကုန်မြို့ပေါ်တွင်ညအချိန် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရန်ကုန်မြို့ပေါ်တွင်ညအချိန် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article