28.9 C
Yangon

ပေါက်နှင့် မြိုင် မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ၃ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင် မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ၃ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပေါက်မြို့နယ်ကို အရှေ့မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီး ၃ စီးဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၁၁ နာရီကျော်ခန့်တွင်လည်း မြိုင်မြို့နယ် တောင်ခြမ်းရှိ ကျေးရွာများကို ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာ‌သော စက်တပ်လေထီး ၃ စီးက လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်သွားကြောင်း၊ ထို့ပြင် အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင်လည်း မြိုင်မြို့နယ် အနောက်ပိုင်း ရေနံမှော်ဒေသကို အကြမ်းဖက် စစ်တပ်၏ ပခုက္ကူ တပ်မ ၁၀၁ က တက်လာသော စက်တပ်လေထီး ၂ စီးက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်း တိုက်ခိုက်မှု အတွင်း ရေနံမှော်တွင် အလုပ်လုပ်ကိုင်နေသူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေက လေကြောင်းတိုက်ခိုက်မှုကတော့ ဆက်တိုက်ကို လုပ်ဆောင်နေပါတယ်။ ပြည်သူ ၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့ ပြည်သူတွေများလည်း များပါတယ်။ နေအိမ်တွေ ပျက်စီးတာတွေလည်းရှိပါတယ်” ဟု မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် အောက်တိုဘာလ ၃ ရက်နေ့နှင့် အောက်တိုဘာလ ၄ ရက်နေ့တို့တွင်လည်း ပေါက်မြို့နယ် အနောက်ခြမ်း ဆေးကြီးတောင်ပေါ် ၊ ထီးလင်းမြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ကျေးရွာများနှင့် မြိုင်မြို့နယ် အနောက်ခြမ်းရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်သွားကြောင်း သိရသည်။

လက်ရှိချိန်တွင် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ပြည်သူများသည် အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လာမည်ကို စိုးရိမ်သောကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ လေကြောင်း အန္တရာယ် သတိပြုနေထိုင်ကြရန် တော်လှန်ရေး အင်အားစုများက မေတ္တာရပ်ခံထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article