27.7 C
Yangon

ထိုင်း-မြန်မာ နယ်စပ် KNU ထိန်းချုပ်နယ်မြေ ထီးခီးဒေသကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ၁၂၀ မမ ဗုံး ၄၀ ကျော်ကျဲချ မှုကြောင့် ပြည်သူ ၃၀၀ ကျော် ထိုင်းနယ်စပ်အနီးသို့ ထွက်ပြေးရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ထီးခီးဒေသကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ၁၂၀ မမ ဗုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း KNU မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်မှာ စတင်ပြီး ထီးမိုပွာဒေသ၊ မယ်သမီခီး (ထီးခီး) ကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ် Y-12 လေယာဉ်ဖြင့် ၁၂၀ မမ ဗုံး ၄၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူပိုင် နေအိမ်များ၊ ပစ္စည်းများနှင့် ကျေးရွာအတွင်းရှိ အဆောက် အဦး တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

လတ်တလော စစ်တပ်က လေယာဉ်ဖြင့် ဗုံးများ ကျဲချနေသဖြင့် ပြည်သူ ၃၀၀ ကျော်မှာ ထိုင်း-မြန်မာနယ်စပ်ဂိတ်အနီးသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ထိုင်းစစ်တပ်ကလည်း နယ်စပ်ဂိတ်တွင် လုံခြုံရေး အသင့်အနေအထားဖြင့်ရှိနေပြီး မြန်မာ စစ်ဘေးရှောင် ပြည်သူများကို ထိုင်းဘက်အခြမ်းသို့ ဝင်ခွင့်မပေးသေးကြောင်း သိရှိရသည်။

“ပြေးတဲ့သူတွေကတော့ ထိုင်း-မြန်မာနယ်စပ်ဂိတ်အထိ ပြေးကြတာ။ ထိုင်းဘက်တော့ အခြေအနေကိုစောင့်ကြည့်နေတယ်။ ဝင်ခွင့်တော့ မပေးသေးဘူးလို့ သိရတယ်။ တချို့လည်း တောထဲရှောင်ကြတယ်။ မြေပြင်စစ်ကြောင်းကတော့ ထိုးနေပေမယ့် ရောက်မလာသေးဘူး။ လေယာဉ်နဲ့ ဗုံးကျဲလို့ ပြေးရတာ” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

KNLA နှင့် PDF ပူးပေါင်းတပ်များက ဧပြီလနှင့် ဇွန်လအတွင်း ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ထီးထဗျူဟာစခန်း၊ ထီးခီးစစ်စခန်း၊ ဗောဓိစစ်စခန်းနှင့် ငါးရံ့နီစခန်း၊ သုခစခန်း အပါအဝင် စုစုပေါင်း စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်ခဲ့သည်။

လတ်တလော တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထိုင်း-မြန်မာနယ်စပ်တွင် နတ်အိမ်တောင်စခန်းတစ်ခုသာ ကျန်ရှိတော့ပြီး ယင်းစခန်းမှာလည်း စစ်သား ၃၀ နှင့် ၅၀ ဦးအကြား သာ ရှိသော စစ်တပ်စခန်း တစ်ခုဖြစ်ကြောင်း၊ ယင်းစခန်းကို သိမ်းပိုက်ရရှိပါက ထားဝယ်ခရိုင်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိမည်ဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article