ရန်ကုန်၊ အောက်တိုဘာ ၁၀
ယမန်နေ့ နေပြည်တော်တွင် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟက်ဆန်နှင့် အကြမ်းဖက် မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ် မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု အကြမ်းဖက်စစ်တပ်က တစ်ဖက်သတ်သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။
ယမန်နေ့ တွေ့ဆုံပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ရန် ပြင်ဆင်နေမှုများအားတွေ့ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အကောင်းဆုံးဖြစ်အောင်ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်စေရန် အကြံပြုပြောကြားလိုကြောင်း၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကိုလည်း စေလွှတ်ပေးသွားမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုကြောင်း စစ်တပ်က တစ်ဖက်သတ်သတင်းထုတ်ပြန်ထားသည်။
သို့ရာတွင် ဇူလိုင်လအတွင်း ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေး ဖြေရှင်းရာတွင် ရွေးကောက်ပွဲက အာဆီယံ၏ ဦးစားပေးမဟုတ်သည်ကို အာဆီယံက သဘောတူခဲ့ကြောင်း၊ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ဖြင့် မြန်မာ့အရေးလိုက်နာဖြေရှင်းရန် မြန်မာစစ်တပ်ကို အဓိက ဦးစားပေးတိုက်တွန်းခဲ့သည်။
ထို့ကြောင့် အကြမ်းဖက်စစ်တပ်၏ ယမန်နေ့ တွေ့ဆုံမှု သတင်းထုတ်ပြန်ချက်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်း အဝေး၏ ရပ်တည်ချက်နှင့် လုံး၀ ကွဲလွဲနေရာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သော်လည်း စစ်အာဏာသိမ်းလိုက်သဖြင့် အာဆီယံက မြန်မာကို အစည်း အဝေးများမှ ဖယ်ထုတ်ခဲ့ကြောင်း၊ ယင်းနောက် မြန်မာ့အရေးကို ဖြေရှင်းရန် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို လေး စားလိုက်နာရန် ပျက်ကွက်ခြင်းကြောင့် မြန်မာစစ်တပ်ကို အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဝန်ကြီးများအဆင့် အစည်း အဝေး တက်ရောက်ခွင့်ကို ၂၀၂၂ ခုနှစ်ကတည်းက အာဆီယံက ပိတ်ပင်ခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
