26.1 C
Yangon

ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသော ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၀

ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အကြမ်းဖက် စစ်တပ် ရွေးကောက်ပွဲကို ကူညီနေသည့် ပျူစောထီး ခေါင်းဆောင် လှမြင့်ကို အရှင်ဖမ်းမိသော်လည်း ခုခံထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ Red Star က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပြည်မြို့နယ် ပေါင်းတလည် အပိုင် ခွေးရဲချင်ရုပ်ကုန်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် လှမြင့်ကို ဝန်တင်ဆိပ်ကျေးရွာအနီး ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင် တပ်ရင်း ၂၊ ၃၆ဝ၂ တပ်ရင်း နှင့် ပြည်ခရိုင် တပ်ရင်း ၁၊ ၃၆ဝ၁ တပ်ရင်း ရဲဘော်များက အရှင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်လာစဉ် လမ်းပိုင်း တနေရာအရောက်တွင် ပြန်လည်ခုခံ ထွက် ပြေး၍ လိုက်လံ ပစ်ခတ် ဖမ်းဆီး ပစ်ခတ်စဉ် ကျည်ထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ပျူစောထီး လှမြင့်ထံမှ ခဲသီးထည့် ၍ ပစ်ခတ်ရသော CO2 Gas သုံး ပစ္စတို ၁ လက်၊ ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော လှမြင့်သည် ပေါင်းတလည်မြောက်ခြမ်း၏ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင်များ စုဆောင်း ခြင်း၊ ကျေးရွာအတွင်းရှိ လူငယ်များ၏ အချက်အလက်များ ကောက်ယူ၍ ပေါင်းတလည်ရဲစခန်းနှင့် စစ်ကော်မရှင်၏ လူကြီးပိုင်းများထံ သတင်းများပေးပို့ခြင်း၊ စစ်ကော်မရှင် အမည်ခံ အကြမ်းဖက်စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲအား ကူညီခြင်းများအပြင် ၎င်းဦးစီးသော ပျူစောထီးအဖွဲ့က ပေါင်းတလည်မြို့ပေါ်နှင့် ကျေးရွာများတွင် ဧည့်စာ ရင်း စစ်ခြင်း၊ အတင်းအဓမ္မ စစ်မှုထမ်းသစ်ခေါ်ယူခြင်းနှင့် ပေါ်တာဆွဲ ဖမ်းဆီးခြင်းများတွင် အဓိက ပါဝင်လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

“ကျနော်တို့ လှမြင့်ဆီကသိမ်းဆီးရမိတဲ့ ဖုန်းကနေတဆင့် ပေါင်းတလည်နယ်မြေနဲ့ ဝက်ထီးကန်‌နယ်မြေက ရပ်ကွက်ကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်စာရင်းတွေရရှိထားပါပြီ စစ်ကောင်စီရဲ့ ဒေါက်တိုင်မှန်သမျှ စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲကို ဝိုင်း ဝန်းကူညီသူမှန်သမျှကို စုံစမ်းပြီးထိရောက်စွာအရေးယူသွားပါမယ်။ ပြည်သူများအနေနဲ့လည်း စစ်ကောင်စီ၏ သွားလာလှုပ် ရှားမှုများနှင့် မိမိတို့အား အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီး အနိုင်ကျင့်နေတဲ့ အသားထဲကလောက်ထွက် ပြည်သူ့သစ္စာ ဖောက်များရဲ့ နေရပ်နှင့်သွားလာလှုပ်ရှားမှုများကို သတင်းပေးရင်း တော်လှန်ရေးအဖွဲ့များဖြင့် ပူးပေါင်းဖို့ဖိတ်ခေါ်ပါတယ်” ဟု ပြည်ခရိုင် တပ်ရင်း ၂ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ Red Star က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article