ဒီကနေ့ အောက်တိုဘာ ၁၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်ရဲ့ နေပြည်တော် ခရီးစဉ်မှာ ပြောဆိုခဲ့တာတွေနှင့်ပတ်သက်ပြီး အသေးစိတ် သတင်းထုတ်ပြန်လိုက်တာကြောင့် မြန်မာ စစ်တပ်ရဲ့ လိမ်လည် သတင်း ထုတ်ပြန်မှု ထင်ရှားပေါ်ပေါက်သွားပါတယ်။
-တနင်္သာရီတိုင်း၊ လောင်းလုံးမြို့အနီးမှာရှိတဲ့ ကျေးရွာတွေက ပြည်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့အတွက် လာရောက်တဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်သေဆုံးသူများပြားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
တနင်္သာရီတိုင်းဘက်မှာတော့ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်တာကြောင့် ကျောင်းသားတွေ အပါအဝင် ပြည်သူ ၁၀ ယောက်ကျော် ထိခိုက်ဒဏ်ရာရပြီး ၅ ဦး စိုးရိမ်ရတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
