26.3 C
Yangon

မန္တလေးတွင် အလုပ်မှ ပြန်လာစဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သားအဖြစ် သွပ်သွင်းခံရသော တပ်သားသစ် ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၂

မန္တလေးမြို့တွင် အလုပ်မှ ပြန်လာစဉ် ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်သားအဖြစ် သွပ်သွင်းခံရသော တပ်သားသစ် ၁ ဦး အလင်းဝင်လာကြောင်း ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်၏ လက်ရုံးတပ်မှ တပ်သားသစ် ၁ ဦးသည် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံသို့ အလင်းဝင်ရန် ဆက်သွယ်လာသောကြောင့် စစ်ကိုင်းမြို့ တစနေရာကို သွားရောက် ခေါ်ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ထို့သို့ အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်ကို လက်ရှိချိန်တွင် ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့က ၎င်း၏ မိသားစုဝင်များထံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ထို အလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သားသစ်သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလပိုင်းတွင် မန္တလေးမြို့ပေါ်၌ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး တောင်တွင်းကြီးမြို့သို့ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ပို့ဆောင်ခံရပြီး စစ်ကိုင်းမြို့ တပ်မ ၃၃ လက်ရုံးတပ်သို့ ပို့ဆောင်ခံရပြီးနောက် အလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူက စစ်မှုထမ်းအပတ်စဥ် မဟုတ်ဘဲနဲ့ လက်ရုံးတပ်ထဲကို တမ်းပြီးတော့ ပို့ခံရတာပါ။ မန္တလေးမှာ အလုပ်က ပြန်လာချိန် ညဦးပိုင်းလို့သိရပါတယ်။ သူကလက်နက် ယူဆောင်လာခြင်းမရှိတော့ ဂုဏ်ပြုဆုငွေ ချီးမြှင့်ဖို့ မရှိပါဘူး” ဟု ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ – UGF မှ တာဝန်ခံက ပြောဆိုသည်။

လက်ရှိချိန်တွင် ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာသူ စုစုပေါင်း ၅ ဦးထိ ရှိလာပြီဖြစ်ပြီး ၃ ဦးသည် ယူနီကွန်းပျောက်ကြားတပ်ဖွဲ့နှင့်အတူ အကြမ်းဖက် စစ်တပ်က ပြန်လည် တိုက်ခိုက်နေပြီး ကျန် ၂ ဦးကို မိသားစုဝင်များထံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article