31.2 C
Yangon

မိုင်းလုံမြို့နှင့်မတူပီမြို့နယ်တို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် နေအိမ်များ ပျက်စီးပြီး ပြည်သူ ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ပြည်သူ့နေအိမ်များ ပျက်စီးသွားကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယမန်နေ့ အောက်တိုဘာလ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၈ မိနစ်အချိန် စစ်တပ်က မိုင်းလုံမြို့၊ လည်ကြီးကျေးရွာသို့ ပေါင် ၂၅ု ဗုံး ၁ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအပြင် ယင်းနေ့ ညနေ ၅ နာရီ ၁၁ မိနစ်အချိန်တွင်လည်း စစ်တပ်က ထပ်မံ၍ ပေါင် ၂၅၀ ဗုံး ၂ လုံး လေယာဉ်ဖြင့် ထပ်ကျဲချခဲ့ရာ ပစီးကျေးရွာအတွင်း ကျရောက်ပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီးသွားကြောင်း TNLA က ပြောဆိုသည်။

အလားတူ အောက်တိုဘာ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ရွာမကျေးရွာကို ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူလူထု နေအိမ် ၂ လုံးနှင့် ဘုန်ကြီးကျောင်းရှိ ဇရပ်ထိခိုက်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

အလားတူ အောက်တိုဘာလ ၁၀ ရက်နေ့ ည ၇ နာရီ ၅၂ မိနစ်အချိန် စစ်တပ်က ချင်းပြည်နယ်၊ မတူပီမြို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်သဖြင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်းဖြစ်ကြောင်း ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ကျဲတာက မြို့ပေါ် မီးသတ်ရုံးနဲ့ ဘောလုံးကွင်းဘက်ကို ကျဲတာ။ ဘုရားကျောင်းလည်းထိတယ်။ နေအိမ်တွေလည်း ပျက်စီးတယ်။ တိုက်ပွဲဖြစ်တာမရှိဘူး။ ဒီအတိုင်း လေယာဉ်နဲ့ လာကျဲသွားတာ။ လာကျဲတဲ့အချိန်က ည ၈ နာရီလောက်ရှိပြီ။ ပြည်သူလူထုအများကြီးတော့ ရှိမနေလို့ လူ ၁ ယောက်လောက်ပဲ သေတာ။ အခု လေကြောင်း သတိပေးမှုတွေ လုပ်နေတာရှိတယ်” ဟု ချင်းတော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တပ်က ယခုလာမည့် ဒီဇင်ဘာလ ကျင်းပရန် ရှိနေသော ရွေးကောက်ပွဲမတိုင်မီ လက်လွှတ်ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် သိမ်းယူရန်အတွက် လေကြောင်းတိုက်ခိုက်မှုနှင့် မြေပြင်ထိုးစစ်ကို ၂ ဆမြှင့်တင်ရန် ဆုံးဖြတ် လုပ်ဆောင်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article