28.6 C
Yangon

ဆောမြို့နှင့် ကျောက်ထုအမြောက်တပ်ထဲမှ ထွက်ပြေးလာပြီး ပြည်သူကို သေနတ်ဖောက် ခြိမ်းခြောက် အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦးကို ဖမ်းမိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၃

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆောမြို့နှင့် ကျောက်ထုတပ်တို့ထဲမှ ထွက်ပြေးလာပြီးနောက် ပြည်သူကို သေနတ် ပစ်ဖောက် ခြိမ်းခြောက်ကာ အရက်လုသောက်သည့် ဒုတပ်ကြပ် ၂ ဦးနှင့် တပ်ကြပ် ကြီး ၁ ဦးကို ဖမ်းမိခဲ့ကြောင်း ယောအလင်းတန်းမှ ကို အောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၉ ရက် နံနက် အစောပိုင်းက ကျောက်ထုမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ ၏ အမှတ် ၃၆၈ အမြောက်တပ်အတွင်းမှ ဒုတပ်ကြပ် ၂ ဦးသည် MA -5 ပစ္စတို သေနတ် ၁ လက်၊ 9 mm ကျည် ၅ ထောင့်၊ လက်ပစ်ဗုံး ၁ လုံး နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့ကို ယူဆောင်ကာ ထွက်ပြေး လာခဲ့ကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးလာပြီးနောက် အောက်တို့ဘာလ ၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် ယောမြို့ကျေးရွာ အတွင်းသို့ ဝင်ရောက်ကာ ကျေးရွာရှိ အရက်ဆိုင်တွင် သေနတ် တစ်ချက် ပစ်ဖောက် ခြိမ်း ခြောက်ကာ အရက်များကို ယူဆောင်သွားကြောင်း၊ ထို့နောက် ကျေးရွာအရှေ့ဘက်ရှိ ဘုရားကုန်းကုန်း သို့ တက်သွားပြီး တောထဲတွင် သေနတ် ၂ ချက်ပစ်ဖောက် ထပ်မံ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

ယင်းစစ်သား ၂ ဦးသည် ည ၇ နာရီခန့်အချိန် တောထဲမှ ကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး သေနတ် တစ်ချက်ပစ်ဖောက် ခြိမ်းခြောက်ကာ ရွာသားတစ်ဦးကို အရက် ဝယ်ခိုင်းခဲ့သော်လည်း ရွာ သားမှာ အရက်ဝယ်မရသဖြင့် ခေတ္တပုန်းအောင်းနေစဉ် စစ်သား ၂ ဦးမှာ ကျေးရွာအတွင်းမှ ပြန်လည် ထွက်သွား ကြောင်း သိရသည်။

ထို့သို့ ထွက်သွားသည့် စစ်သား ၂ ဦးကို ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်းမှ ရဲဘော်များက အောက်တို ဘာလ ၁၀ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် လမ်းဘေးတစ်နေရာ၌ ဖမ်းဆီးရရှိခဲ့ခြင်းဖြစ် ပြီး ယခုအခါ ထိန်းသိမ်း၍ စစ်ဆေးနေကြောင်း သိရသည်။

“ကျောက်ထုအမြောက်တပ်ထဲက ထွက်ပြေးလာတဲ့ ၂ ယောက်ကတော့ တပ်ထဲမှာ မနေချင်လို့ ထွက်ပြေးလာတာလို့ သိရတယ်။ ဒါပေမယ့် အဲဒီနှစ်ယောက်က ပြည်သူတွေကို ခြိမ်းခြောက်ခဲ့တာ တွေလုပ်ခဲ့တာရှိတယ်။ အဲဒီအတွက်လည်း စစ်ဆေးမေးမြန်းတာတွေလုပ်နေတယ်လို့ သိရပါတယ်။ သေနတ်က စုစုပေါင်း ၄ ချက်ပစ်ခဲ့တာ၊ ယောမြို့ကျေးရွာထဲက ကားအတိုင်းလမ်းလျှောက်တဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေက အသင့်စောင့်ပြီး ဖမ်းမိခဲ့တာ” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်သား ၂ ဦး ထွက်ပြေးလာမှုကြောင့် ကျောက်ထုမြို့ အခြေစိုက် အမှတ် ၃၆၈ အမြောက် တပ် အတွင်းမှ စစ်သား အင်အား ၁၂၀ ခန့်ဖြင့် ယောမြို့ကျေးရွာအတွင်းသို့ ဝင်ရောက်စစ်ဆေးပြီး ပြန်ဆုတ်သွားကြောင်း သိရသည်။

အလားတူ ယမန်နေ့ အောက်တိုဘာလ ၁၂ ရက် ညနေပိုင်းကလည်း ဆော့မြို့၊ ဦးဖိုးလှိုင်ခန်းမမှ ထွက်ပြေးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ၁ ဦးကို ဂန့်ဂေါခရိုင် အမှတ် ၁၃ တပ်ရင်း ရဲဘော်များက ဖမ်းဆီးရရှိခဲ့ပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article