28 C
Yangon

ညောင်ဦးမြို့နယ်နှင့် နွားထိုးကြီးမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရန်ကြီးအောင် တပ်ဖွဲ့ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၀ ရက်နေ့မှ စတင်ပြီး ညောင်ဦးမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သေနတ်များ ပစ်ဖောက်ကာ ကန်နီပေါက်ရွာ၊ ကျောက်ကန်ရွာနှင့် မန်ကျည်းတန်းရွာများကို စတင် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းခဲ့သောကြောင့် ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး ပြည်သူပိုင် ပစ္စည်းများကိုလည်း စိတ်ကြိုက် ခိုးယူသွားကြောင်း သိရှိရသည်။

ယင်း စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ကန်နီပေါက်ကျေးရွာမှ နေအိမ် ၁၇ လုံး၊ ဂျိုးကန်ကျေးရွာမှ နေအိမ် ၈ လုံးနှင့် ကျောက်ပြင်ကန်ကျေးရွာမှ နေအိမ် ၄ လုံး မီးလောင် ပြာကျခဲ့ကြောင်း သိရသည်။

“အဲစစ်ခွေး စစ်ကြောင်းက သူတို့ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းရာ ကျေးရွာတိုင်းက ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက်ခိုးယူသွားတယ်။ နောက်ပြီး ကန်နီပေါက်ကျေးရွာ၊ ဂျိုးကန်ကျေးရွာနဲ့ ကျောက်ပြင်ကန်ကျေးရွာက နေအိမ်တွေကိုလည်း စစ်ခွေးတွေက မီးရှို့ဖျက်ဆီးသွားတယ်။ စစ်ဘေးရှောင်ပြည်သူက တော်တော်များတယ်။ တချို့တွေက ရွာထဲ ခဏပြန်တာရှိတယ်။ အများစုက ပြန်မဝင်ရဲသေးဘူးလို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် အနောက်အုံရွာ၊ ကန်ကြီးရွာ၊ ကုန်းသဲပြင်တောရွာ၊ မန်းကျည်းတန်းရွာ၊ ကျောက်ကန်ရွာ၊ ကန်နီပေါက်ရွာ၊ ဂျိုးကန်ရွာနှင့် ကျောက်ပြင်ကန်ရွာ အပါအဝင် ရွာပေါင်း ၁၁ ရွာကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရန်ကြီးအောင် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ အောက်တိုဘာလ ၁၄ ရက်နေ့ကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကံနှောင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နွားထိုးကြီးမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး ကျေးရွာများကို လိုက်လံ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကံနှောင်ရွာမှ နေအိမ် ၁၀ လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ မီးရှို့သွားတာ ကံနှောင်းရွာက နေအိမ် ၁၀ လုံးလောက် ပြာကျသွားတယ်လို့တော့သိရတယ်။ အဲစစ်ခွေး စစ်ကြောင်းက ရွာတွေကို ဝင်ရောက်စီးနင်းပြီး မီးလိုက်ရှို့နေတာ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article