ဒီကနေ့ အောက်တိုဘာ ၂၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့အခြေစိုက် ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်မှာ ရိက္ခာဂိုဒေါင် ကို မီးရှို့ခဲ့ပြီး နံရံမှာ”စစ်ခွေး မအလ” အတွက်ဆိုပြီး စာရေးသားခဲ့တယ်လို့ လေတပ် သတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်က အခုလာမယ့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးအမြင်ရှိသူ၊ ဒို့တာဝန်အရေး ၃ ပါး စောင့်ထိန်းသူတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ် မဲပေးရွေးချယ်ကြဖို့ဆိုပြီး လိုက်လံစည်းရုံးနေတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ မင်းလှမြို့နယ်မှာ တပ်ချိန်းဖို့လာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာ ဗိုလ်မှူး ၁ ဦး အပါအဝင် အယောက် ၂၀ သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားတဲ့ သတင်းအပါအဝင် ရန်ကုန်ခေတ်သစ်ရဲ့ မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




