30 C
Yangon

ရေတာရှည်တွင် တော်လှန်ရေးပူးပေါင်းတပ်က စစ်တပ်စခန်းတချို့ သိမ်းပိုက်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်မှု ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၃

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ရွာသစ်ရွာရှိ စစ်စခန်း တိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စက်တပ်လေထီးဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့နှင့် ၂၂ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ရှိ ကျေးရွာများကို စက်တပ်လေထီးဖြင့် ၂ ရက်ဆက် ဗုံးကျဲ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးကာ စစ်တောင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“၂၀ ရက်နေ့က စစ်ခွေး စခန်းအ သိမ်းခံရတယ်။ အဲ့တာကို ရှုံးမဲမဲပြီးတော့ လိုက်ကျဲနေတာ ဒီနေ့နဲ့ ဆိုရင် နှစ်ရက်ရှိပြီ မနက်နေ့က တစ်ရက် ဒီနေ့တစ်ရက်ပေါ့။ စစ်တောင်းမြစ်အရှေ့ဘက်က ပြည်သူ့ နေအိမ်တွေ ကျောင်းတွေကို ကြည့်ပြီး လိုက်ကျဲနေတာ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ ဒါပေမယ့် ရွာထဲမှာ မနေရဲတော့လို့ ပြည်သူတွေကတော့ တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရွာသစ်ကျေးရွာ၌ အင်အား ၆၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသော စစ်တပ် စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ညီနိုင်နိုင် အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရရှိခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ jammer အထိုင်စက်ကြီး ၁ လုံး၊ MA-11 အ မျိုး အစား သေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၃ လက်၊ ၆၀ မမ ၁ လက်၊ ပစ္စတို ၁ လက်၊ ၆၀ မမ ကျည် ၅ လုံး ကျည်ဘောက် ၁၀ ခု၊ ကျည်မျိုးစုံ အတောင့် ၁၀၀၀ ခန့်နှင့် မီးစက် ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article