30 C
Yangon

ဝမ်းတွင်းမြို့နယ်၊ ကျေးရွာ ၃ ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၅ ဦးကို ပေါ်တာဆွဲဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိကျေးရွာ ၃ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး လူငယ် ၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice Of Wundwin မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၃ ရက်နေ့ ဝမ်းတွင်းမြို့နယ်ရှိ ကျေးရွာ ၃ရွာသို့ ဝင်ရောက်ပြီး အကြမ်းဖက် စစ်တပ်က လူငယ် ၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ၊ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ ကန်ပတ်လည်ကျေးရွာမှ လူငယ် ၂ ဦး ၊ အင်းကုန်းကျေးရွာ လူငယ် ၁ ဦးနှင့် ကျောင်း ကုန်း ကျေးရွာမှ လူငယ် ၂ ဦးဖြစ်ကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များမှာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိကြောင်း သိရှိရသည်။

“ဝမ်းတွင်းမြို့နယ်အနောက်ပိုင်း အင်းကုန်းရွာက ၁ ဦး ၊ကန်ပတ်လည်က ၂ဦး စုစုပေါင်း၃ဦးကိုတော့ ပြန်ရွေးချင်ရင် ငွေနဲ့ ရွေးဆိုပြီး စစ်တပ်က သိန်း ၅၀တောင်းတယ်။ အဲဒီမှာ ၁ ဦးကတော့ ၁၂သိန်းနဲ့ပြန်ရလာတယ်။ နောက်ထပ်တော့ အရွေးမခံတော့ဘူး “ဟု Voice Of Wundwin မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၉ ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ်ရှိ ကျင်းရွာမှ လူငယ် ၁ ဦး ၊ ဖိုလ်ကုန်းရွာမှ လူငယ် ၁ ဦးနှင့် အိုင်သာရွာ ၊ နတ်နန်းရွာတို့မှ လူငယ် ၃ ဦးကိုလည်း စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article