30 C
Yangon

ရွာငံမြို့နယ်တွင် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့သော ပြည်သူ ၁ ဦး၏ ရုပ်အလောင်း တွေ့ရှိ၊ စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီးပြီး ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်တွင် ၂ လကြာ စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်သွားသော ပြည်သူ ၁ ဦး၏ ရုပ်အလောင်းကို ရှာတွေ့ရှိခဲ့ကြောင်း ဒေသပြည်သူများနှင့် CRC- PLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်လက်ဝဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခု အောက်တိုဘာလအတွင်း ရွာငံမြို့နယ်၊ ရနဲကျေးရွာအုပ်စု ကျောက်တောကျေးရွာတွင် အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော ရုပ် ပျက်ဆင်း ပျက်ဖြစ်နေသည့် ပြည်သူ့ ၁ ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ခဲ့သော ပြည်သူ ၁ ဦး မှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်တပ် စစ်ကြောင်းထိုးခဲ့သော ကျေးရွာများမှ ပျောက်ဆုံးနေသော ပြည်သူများလည်းရှိနေကြောင်း သိရှိရသည်။

“ရွာငံမြို့နယ် ရနဲအုပ်စု ကျောက်တောကျေးရွာမှာ စစ်တပ်က နှစ်လကျော်ကြာစစ်ကြောင်းထိုးနေပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ပြည်သူ့ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။ စစ်ခွေးတွေ ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းကို တောထဲမှာ ပစ်ထားသွားတာပါ။ နောက်ပြီး ပျောက်ဆုံနေတဲ့ ပြည်သူတွေလည်းရှိနေပါတယ်။ စစ်ခွေးတွေက ကျေးရွာကိုလည်း မိရှို့ဖျက်ဆီးသွားတယ်” ဟု CRC- PLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်လက်ဝဲက ပြောဆိုသည်။

စစ်တပ်က ဩဂုတ်လ နောက်ဆုံးပတ်မှ စက်တင်ဘာလကုန်အတွင်း ရွာငံမြို့နယ်အတွင်း ၂ လ နီးပါးကြာ စစ်ကြောင်းထိုးခဲ့ကြောင်း၊ လူနေအိမ်ခြေ ၆၀ လုံး၊ စပါးကျီ ၉၀ ခု ၊ စစ်ဘေးရှောင် (IDP) စခန်းတစ်ခုနှင့် တောင်ယာတဲ အများအပြားကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ဩဂုတ်လ ၂၅ ရက်နေ့တွင် ကျောက်တောကျေးရွာမှ ပြည်သူပိုင် နေအိမ် ၃၇ လုံး၊ စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် ကျောက်တောရွာမှ နေအိမ် ၂၃ လုံးနှင့် စပါးကျီ အားလုံးကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က စက်တင်ဘာလ ၁၅ ရက်နေ့ ကျောက်တောကျေးရွာအနီး ပြည်သူ ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ထိုဖမ်းဆီးခံရသူများမှာ သာစည်မြို့နယ်၊ ဖိုးသနိုင်ကျေးရွာမှ အသက် ၅၄ နှစ် အရွယ် ဦးမောင်မြင့် ၊ အသက် ၃၅ နှစ် အရွယ် ဒေါ်တင်မိုးလှိုင် ၊ အသက် ၈ နှစ်အရွယ် မပွင့်ပွင့် နှင့် ကျောက်တော ကျေးရွာမှ အသက် ၅၃ နှစ်အရွယ် ဦးသန်းလှိုင် ၊ အသက် ၅၁ နှစ်အရွယ် ဒေါ်ခင်ညိုမြင့် တို့ဖြစ်ပြီး မိတ္ထီလာတပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိ စစ်တပ်မှာ ကျောက်တောရွာ နှင့် ညောင်ပင်သာရွာတို့တွင် တပ်စွဲထားဆဲဖြစ်ပြီး ပြည်သူ ၅၀၀ မှာလည်း တောထဲတွင် ထွက်ပြေး တိမ်းရှောင် ဆက်လက်နေထိုင်နေရဆဲဖြစ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူများအတွက် အစားအသောက်နှင့် အမိုးအကာအပါအဝင် အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article